ကိုဗစ်ကြောင့် တကွဲတပြားဖြစ်ခဲ့ရတဲ့ ပဲခူးက မိသားစု (ပိုးကူးခံရရင် မိသားစုတွေ ခွဲရမှာပါ)

ကိုဗစ် ဆိုတာမိသားစုကိုထိပ်လန့်စရာ သောကတွေကို ပေးတတ်တယ် ဆိုတာသိဖို့

ပဲခူး မှာ ဖခင်က P ပီးလို့ဆေးရုံဆင်း HQ နေရချိန် မိခင်ရယ် ၇ နှစ် သမီးရယ် ၃ နှစ်ခွဲသားရယ် က Q စင်တာရောက် မိခင်အဖြေက P အရင်ဖြစ် ကုသရေးဆေးရုံ ခေါ်သွားခံရ ကလေး ၂ ယောက်ကို Qစခန်းတာ၀န်ခံများက မိဘလို ဂရုစိုက်ပေးထားနေပါတယ်

ဘယ်လိုပဲ ဖြစ်ဖြစ် Home Q နေနေတဲ့ P လူနာ ဆေးရုံဆင်း ဖခင်ရယ် ကုသရေးဆေးရုံရောက်နေတဲ့ P လူနာမိခင်ရယ် ကျန်ခဲ့တဲ့ Q စခန်းက လူမမယ် ၂ ဦး သူတို့ရင်ထဲ ၀င်ခံစား ကြည့်ကြပေါ့ သေချာစောင့်ရှောက်ထားကြောင်းလည်း လူအကုန်က ခနခန ရှင်းပြနေသော်လည်း သူတို့က မိဘဆိုတော့လည်း စိတ်တွေပူပေါ့

၀မ်းနည်းစရာတွေပါ ဖြစ်လည်းဖြစ်ပြီး နေပြီလေ ဘာတတ်နိုင်မလဲဗျာ?? ဖတ်ပီးကြရင် ပိုးမကူးစက်အောင် နေထိုင်ကြပါတော့ ပဲခူးသူ ပဲခူးသားတို့ရယ်၊ ကလေးများရဲ့ အဖိုးအဖွားတွေ Q ဖို့လာထပ်ခေါ်သွားပြန်ပြီတဲ့လေ တနေရာထဲ ဆုံကြပါစေ။

Kyaw Swar Lin

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page