အမေရိကန်အတွက် အိပ်မက်ဆိုးဖြစ်စေမယ့် ရုရှားရဲ့ နောက်ဆုံးပေါ် S-500 လေကြောင်းကာကွယ်ရေးစနစ်
အမေရိကန်အတွက် အိပ်မက်ဆိုးဖြစ်စေမယ့် ရုရှားရဲ့ နောက်ဆုံးပေါ် S-500 လေကြောင်းကာကွယ်ရေးစနစ်
ရုရှစစ်တပ်ဆီ ပထမဆုံး S-500 လေကြောင်းရန်ကာစနစ် SAM ပထမအသုတ်ဟာ ၂၀၂၁ မှာ တပ်တော်ဝင်နိုင်ဖွယ် ရှိပါတယ်။ ဒီ သတင်းကို ကာကွယ်ရေး ဒုတိယဝန်ကြီး အလက်ဇိုင်းခရီဗီုရူချကိုက အမျိုးသားကာကွယ်ရေး ကာကွယ်ရေး မဂ္ဂဇင်းကို ကြေညာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီ S-500 လေကြောင်းရန်ကာစနစ်ကို ပထမ စမ်းသပ်မှုတွေက အကုန်ပြီးစီးပြီး စစ်တပ်ဆီ တပ်တော်သွင်းဖို့ကို ၂၀၂၁ မှာ စီစဉ်ထားတယ်။”လို့ အလက်ဇိုင်းက ပြောပါတယ်။ စနစ်တစ်ရပ်လုံး ပေးပို့တပ်ဆင်မှုတွေကို ၂၀၂၅ မှာ စတင်မယ်လို့ ၎င်းက ပြောပါတယ်။ လက်ရှိမှာ S-500 စနစ်တစ်ရပ်လုံးကို ကနဦးစမ်းသပ်မှုတွေ လုပ်ဆောင်နေတယ်လို့ အလက်ဇိုင်းက ဖော်ထုတ်ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကတော့ အလက်ဇိုင်းဟာ S-500 လေကြောင်းရန်ကာစနစ်ကို တပ်ဖွဲ့တွေဆီ ပေးပို့ဖို့ ၂၀၂၀ မှာ အသင့်ဖြစ်နေလိမ့်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ လေကြောင်းကာကွယ်ရေးတပ်တွေဟာ ဒီ စနစ်ရဲ့ အစိတ်အပိုင်းတွေကို ၂၀၁၉ မှာ စမ်းသပ်ခဲ့ပြီးဖြစ်တယ်လို့လည်း ပြောထားတာ ဖြစ်ပါတယ်။
S-500 ‘Prometheus’ ဟာ တာဝေးနဲ့ အမြင့်ပျံ ဒုံးခွင်းဒုံးစနစ်ပဲ ဖြစ်ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေအပြင် လေဟုန်ခွင်းလာတဲ့ ပစ်မှတ်တွေကို ကြားဖြတ်ပစ်ချနိုင်စွမ်းပါတယ်။ အဝန်းအဝိုင်း ကီလိုမီတာ ၆၀၀ အထိ ထောက်လှမ်းပစ်ချနိုင်စွမ်းရှိတဲ့ စနစ်ပဲ ဖြစ်ပါတယ်။
ရုရှနိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ Almaz-Antey မှ ဒီဇိုင်းပညာရှင်ချုပ် ဆိုဇင်နော့ဗ်က S-500 စနစ်ဟာ ဝေဟင်မျဉ်းနဲ့ ရေပြင်ညီမျဉ်းမှာ အဝန်းအဝိုင်း ကီလိုမီတာ ရာပေါင်းများစွာအထိ လွှမ်းခြုံထောက်လှမ်းနိုင်ပြီး ကြားဖြတ်ပစ်ခတ်စွမ်း ရှိလိမ့်မယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်က ပြောထားခဲ့ဖူးပါတယ်။
အထက် အတော်လေး ဝေဟင်အမြင့်က ပစ်မှတ်ကို ကြားဖြတ်ပစ်ချနိုင်မှာ အမှန်ပါ။ ကမ္ဘာကနေ ကီလိုမီတာ ရာပေါင်းများစွာအမြင့်ထိ ထောက်လှမ်းပစ်ချနိုင်မှာ ဖြစ်တယ်။ လေကြောင်းကာကွယ်ရေးနဲ့ ဒုံးကျည်ကာကွယ်ရေး စွမ်းရည်နှစ်ရပ်စလုံးကို ဖြည့်ဆည်းပေးနိုင်မယ့် စနစ်ပါပဲ။ ကမ္ဘာပေါ်မှာ ဆင်တူရှိလိမ့်မှာ မဟုတ်ဘူး။”လို့ ဆိုဇင်နော့ဗ်က သူ့ရဲ့ ယူကျူ့ပရိုဂရမ်မှာ အကာဒီမာမွန်တော့ဗ်နဲ့ အင်တာဗျူးရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မောင်သံဆင့်