SY400 (သို့) မြန်မာတို့ရဲ့ တွေးခေါ်နိုင်မှု ဉာဏ်ရည်ကို စမ်းသပ်ခြင်း

တရုတ်နိုင်ငံမှမြန်မာနိုင်ငံကို ရုတ်တရက် SY400 လေကာ ဒုံးခွင်းဒုံးတွေတပ် ဆင်ပေးလိုက်တယ်ဆိုတဲ့ ဖြစ်ရပ်နောက်ကွယ်

ပေါက်ဖော် မြှောက်ပေးတာနဲ့ ယောက်ဖကို ကြက်ဥတိုက်မယ့် အကွက်တွေ မလုပ်ပါနဲ့ အဘရယ်

အမေရိကန်က တရုတ်ကို ဝိုင်းပက်ပိတ်စို့ထားတဲ့နေရာမှာ ခုရေပိုင်နက်ပြသနာဖြစ်နေသော South China Sea က နိုင်ငံပိုစုံပါတယ်။ US ယန်းကီးကြီးနဲ့အတူ အင်္ဂလန် ဂျပန် ထိုင်ဝမ် ဪဇီ ကိုရီးယား ဗီယက်နမ် ဖိလစ်ပိုင် အင်ဒိုနီးရှား မလေးရှားနဲ့ ဘရူနိုင်းလေးပါ ပါသေးတယ်။ သူတိုအားလုံး၏ ရေတပ် တွေက US လေယာဉ်တင်သင်္ဘောအုပ်စုကြီးနဲ့အတူပူးပေါင်းပြီး တရုတ်ကိုဝိုင်းပက်ပိတ်စို့ထားတာပါ ။

အရှေ့ဘက်မှာအဲ့ဒိလိုပိတ်ထားသလို အနောက်ဘက်ဘင်္ဂလားပင်လယ်ပြင်ထဲမှာလဲ( မြန်မာ့ရေပိုင်နက်မနီးမဝေး) အိန္ဒိယရေတပ်နဲ့ US လေယာဉ်တင်သင်္ဘောအုပ်စုအထိုင်ချထားပါတယ် အဲ့ဒီနေရာကို မကြာခင်မှာ ဪဇီရေတပ်မှထပ်တိုး အင်အားဖြည့်ပူးပေါင်းသွားဦးမယ်လို့ကြေငြာထားပါ တယ်။ ဒါပေမဲ့ တကယ်တော့ အမေရိကန်အနေနဲ့နိုင်ငံရေး အရ နိုင်ငံစုံတပ်တွေအပါ ခေါ်လာပေမဲ့ တကယ်တော့ သူ့ရဲ့ လေယာဉ်တင်သင်္ဘော အုပ်စု ၂ စု ( လိုအပ်ရင် ၃စု အားဖြည့်လို့ရတယ် ။ စုစုပေါင်းသူ့ဆီမှာ ၇စုအထိ ရှိပါတယ်)နဲ့ တင်တရုတ်ကို ဖြုတ်လို့ရပါတယ် ။

လေယာဉ်တင်သင်္ဘော တစ်အုပ်စုမှာ … တိုက်လေယာဉ်အစီးရာကျော်တင်ထားသော ပင်မလေယာဉ်တင်သင်္ဘောကြီးတစ်စီ ။ အဲ့ဒိသင်္ဘောကို ခြံရံထားတဲ့ခရူဇာစစ်သ င်္ဘောကြီးနှစ်စီး (သူကလေ ယာဉ်တင်သင်္ဘောကြီးထံကျရောက်လာမဲ့ဒုံးတွေကို ကြို တင်ဟန့်တားကာကွယ်နိုင်သလို ရန်သူနယ်မြေ ထဲကိုလဲနူကလီးယားထိပ်ဖူး သို့မဟုတ် သမာရိုးကျ ထိပ်ဖူးပါဒုံးနဲ့ပစ်ခက်ဖျက်ဆီးနိုင်ပါတယ် ) ။ ဖျက် သင်္ဘော ၅ စီး။ ဖရီးဂိတ်စစ်သင်္ဘော ၅ စီး။ ပင်လယ်ထဲမှာ လောင်စာထပ်ဖြည့်စရာမလိုဘဲ နူကလီးယား စွမ်းအင်သုံးရေငုတ်သင်္ဘော ၂ စီး(သူကလဲ နူကလီးယားဒုံးရောသမာရိုးကျအဖျက်စွမ်းအားပြင်းဒုံးပါပစ်လွှတ်နိုင်ပါတယ် ) ။ ထောက်ပံ့ရေးသင်္ဘောကြီး တစ်စီး စသဖြစ်စုဖွဲ့ထားပါတယ် ။

ယခု တရုတ်ကြီးရဲ့ အရှေ့နဲ့အနောက်ကို အဲ့ဒိစစ်သင်္ဘောအုပ်စုကြီး ၂ စုနဲ့အတူ နိုင်ငံစုံရေတပ်တွေနေရာယူပြီးပါပြီ ။ ဒါလေးသိထားပြီးရင် ကျနော်အဓိကပြောချင်တာ က”တရုတ်နိုင်ငံမှမြန်မာနိုင်ငံကို ရုတ်တရက် SY400 လေကာ ဒုံးခွင်းဒုံးတွေတပ် ဆင်ပေး”ဆိုတဲ့သတင်း ဟိုရက်တွေကဖတ်လိုက်ရပါတယ် ။ ဒီကိစ္စက ကိုယ်တွေနိုင်ငံအတွက် အတော်ရတတ်မအေးစရာပါ ။ အကယ်၍များ US နဲ့ တရုတ်စစ်ပွဲစရင် ဘင်္ဂလားမှာ ရှိတဲ့အိန္ဒိယနဲ့အမေရီကန်ရဲ့သင်္ဘောပေါ်မှလွှတ်လိုက်တဲ့ဒုံးတွေကမြန်မာဝေဟင်ကိုကျော်ပြီးမှတရုတ်ကို ရောက်မှာပါ ။

ဒါကိုဖျင်ယားပြီး ဟိုတလောလေးက မှတရုတ်ပေးထားတဲ့လေကာဒုံးခွင်းဒုံးတွေနဲ့ သွားကာနေရင် နေရင်းထိုင်ရင်း နင်းခြေခံရပါလိမ့်မယ် ။ စစ်တို့ရဲ့သဘောမှာ သူ့ကိုရန်မူလာရင် မူတဲ့နေရာကို ပြန်တီးမှာဘဲ ။ ဆိုလိုရင်းတည့်တည့်ပြောရရင် မြန် မာပိုင် ကိုကိုးကျွန်းမှ သို့မဟုတ် ရခိုင်တစ်နေရာကနေ US နဲ့ INDIA ဒုံးတွေကို ခွင်းဒုံးသွားလွတ်ရင် ဟို က ကိုကိုးကျွန်းပါပျောက်သွားအောင် အမှုန့်ခြေပါ လိမ့်မယ် ။

အသဲယားရင် စစ်ရုံးချုပ်ပါအဆစ် ပါသွားပါလိမ့်မယ် ။ ဆိုတော့ … သိတ်ချစ်လွန်းလို့ပြောနေတာမဟုတ်ပါ။ ပြည်သူလူထုဆန္ဒကိုဆန့်ကျင်ပြီး လက်ရှိအစိုးရကိုလဲအသိမပေးဘဲ ကိုယ့်သဘောနဲ့ ကိုယ်တရုတ်အတွက် ဖျင်ယားပေးလ်ုက်ရင်း မြန်မာ့မြေကို စစ်မြေ ပြင်အဖြစ်မခံနိုင်လို့ကြိုပြောနေရတာပါ ။ တရုတ် အတွက်သိတ်တိုက်ပေးချင်ရင် ကိုယ့်စစ်တပ်တွေကို တရုတ်ပြည်ထဲခေါ်သွားပြီးသွားတိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ် ။

Sua Sponte . Sitt Naing Aung CRD – Ko Saisai FB YLA

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page