အရည်သွေးက အသက်ဆိုပေမယ့် ဦးထုပ်တွေကို ဘာကြောင့် ကွာလတီ အမျိုးမျိုးသတ်မှတ်ကြလဲ
အရည်သွေးက အသက်ဆိုပေမယ်လို့ ဦးထုပ်တွေကို ဘာကြောင့် ကွာလတီ အမျိုးမျိုးသတ်မှတ်ကြလဲ..
ကျနော်တို့ လိုအပ်ချက်ကြောင့်လို့ပဲ မြင်ပါတယ်.. Safety ကအရေးကြီးတယ်လို့ လူတိုင်းသိကြပေမယ့်.. လူတိုင်းကတော့ ကိုယ်လိုအပ်တဲ့ Safety ကို အပြည့်အစုံ ဆင်နိုင်ချင်မှ ဆင်နိုင်မှာပေါ့ဗျာ.. လူတိုင်းကတော့ အမြင့်ဆုံး Safety တွေလိုချင်ကြမှာပဲ.. ဒါပေမယ့် တတ်နိုင်သလောက်ပဲ သုံးကြနိုင်တဲ့ အခါ ဘေးလူတွေအနေနဲ့ အပစ်မမြင်စေချင်ပါ.. သောင်းဂဏန်းတန်တွေကလည်း သူ့တန်ဖိုးနဲ့အလျောက်တော့ အသုံးဝင်ပါတယ်ဗျ..
ကျနော့်အမြင်ကတော့.. ပစ္စည်းကြေညာတာကတော့ (Advertising) ကြည့်ပျော်ရှိအောင်.. လူတိုင်းဆွဲမက်သွားအောင်.. အားလုံးကြိုးစားအားထုတ်ကြမှာပါ.. အဲ့အပေါ်မှာ ကိုယ်ပေးတဲ့စျေးနဲ့ ဖြစ်နိုင် မဖြစ်နိုင် ချင့်ချိန်ပြီးမှ နားလည်အသုံးပြုစေချင်ပါတယ်.. 10000 တန်က 10000 ဖိုးလောက် အလုပ်ဖြစ်တယ်ဆိုရင်ကို ကျနော်တို့အသုံးပြုသူတွေအနေနဲ့က အလွန်ဝမ်းသာကြရပါတယ်.. ဒါက 100% ပါ.. အဲ 10000 ပေးပြီး 20000 ဖိုးမျှော်လင့်တာကျ နဲနဲများသွားပြီပေါ့နော်.. အဲ့လိုပဲ 10000 ဖိုးပေးပြီး 8000 ဖိုးပဲ အလုပ်ဖြစ်တာကြတော့လည်း.. သုံးရတာ မတန်တဲ့ ခံစားချက်က ဝင်လာပြန်ပါရော..
နိဂုံးချုပ် အရ… ကိုယ်သုံးလိုက်တဲ့ အမောင့်နဲ့ တန်တဲ့ ပစ္စည်းမျိုးကို ရွေးချယ်ပါ.. ခုပုံပါအတိုင်းဆို.. အကယ်၍ လူပါတယ်ဆိုရင်တောင် အသက်ရှင်ဖို့မသေချာပါဘူး.. အားလုံးဂရုစိုက်ကြပါ.. ထိုက်သင့်တဲ့အလျှောက်တော့ ကာကွယ်ပေးနိုင်မှာပါ.. ဘယ်လောက်စျေးကြီးကြီး ကိုယ့်ရဲ့အန္တရာယ်က Safety နဲ့ တိုက်ရိုက်မသက်ဆိုင်ပဲ.. ကိုယ့် စဥ်းစားဆုံးဖြတ်နိုင်တဲ့ ဦးခေါင်းကြီးတစ်ခုလုံးနဲ့ပဲ ဆိုင်တာမလို့.. Safety ပါတိုင်းလည်း အရမ်းစွတ်မဆိုးကြပါနဲ့လို့ သတိပေးရင်း..
SAFE for you