အေးသာယာရှိ ပြည့်တန်ဆာခန်းကို ရဲတပ်ဖွဲ့က ခက်ခက်ခဲခဲ အသွင်ယူပြီး ဖမ်းဆီး

အေးသာယာရှိ KTV အမည်ခံ ပြည့်တန်ဆာခန်းကို ရဲတပ်ဖွဲ့က အသွင်ယူ ဖမ်းဆီး

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကေတီဗီ အမည်ခံ ပြည့်တန်ဆာခန်းအား စက်တင်ဘာလ ၆ ရက်၊ နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက အသွင်ယူ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အေးသာယာမြို့တွင် ကေတီဗီ အမည်ခံကာ ပြည့်တန်ဆာခန်း ဖွင့်လှစ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များသည် အသွင်ယူ သက်သေများအား နံပါတ် မှတ်သားထားသည့် ငွေစက္ကူ ကျပ် ၃၀၀၀၀ အား ပေးအပ်ကာ အေးသာယာမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြို့ပတ်လမ်းရှိ “ သက်ဖူးဝေ” ကေတီဗီ သို့ စေလွှတ်ခဲ့ပြီးနောက် ဝင်ရောက် ရှာဖွေ စစ်ဆေးစဉ် အိမ်ရှင်ဖြစ်သူနှင့်အတူ ပြည့်တန်ဆာ လုပ်ကိုင်သူ ၇ ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ပြည့်တန်ဆာ လုပ်ငန်းအား ခိုင်းစေ၍ ရရှိငွေအား အကျိုးခံစား ရယူကာ အသက်မွေးဝမ်းကျောင်းပြုသူ အိမ်ရှင်နှင့် ပြည့်တန်ဆာ ပြုလုပ်သူများအား အေးသာယာနယ်မြေရဲစခန်း၌ (ပ) ၁၀၈/၂၀၂၀၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ ၃(က) / ၅(၁)ဖြင့် အမှုဖွင့်၍ ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရပါတယ်။

အေးသာယာမြို့သည် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရုံးစိုက်ရာ တောင်ကြီးမြို့နယ်အတွင်း၌ တည်ရှိကာ တရားမဝင် ကေတီဗီ ၊ အနှိပ်ခန်းနှင့် ပြည့်တန်ဆာခန်း အများအပြား ရှိနေသော မြို့ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page