ရန်ကုန်ဆေးရုံကြီး အရေးပေါ်အခန်း အခြေအနေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတဲ့ အမျိုးသမီးတဦး

ဘဝမှာ ရန်ကုန်ဆေးရုံကြီးရဲ့အရေးပေါ် လူ့ငရဲခန်းထဲရောက်လိမ့်မယ်လို့ မထင်ထားမိဖူး.

အဖေဆီးချိုတွေတက်..ထမင်းမစားနိုင်ဘဲ အားမရှိတော့တဲ့အချိန် အာရှတော်ဝင်ကနေ ပြန်လွှဲလို့ ရန်ကုန်ဆေးရုံကြီးရောက်ခဲ့တယ်..၂ ရက်နေရင်အိမ်ပြန်လို့ရမယ်တဲ့..အဲဆိုသမီး အဖေနဲ့ဆေးရုံမှာ လူနာစောင့်အဖြစ်နဲ့ နေမယ်ဆိုပီး ကျဲကျဲနဲ့အကိုရယ်.. ထန်းလျက်ခဲကို ပြောပီး ဘာအခန်းမှန်းမသိတဲ့နေရာ.. အဲအခန်းထဲမြန်မြန်ဝင်ရင် နင့်အဖေနေကောင်းမယ်တဲ့..ဘေးက အစောင့်ကြီးကပြောတော့ အဖေ့ကို နေကောင်းချင်ဇောနဲ့ wheelchair ပေါ်ထိုင်နေတဲ့အဖေ့ကို မတွန်းတက်တွန်းတက်နဲ့ဝင်လိုက်မိတာ…

အိုး…ဘယ်လိုတွေတောင်ကြောက်ဖို့ကောင်းတာ.. လူနာတွေရဲ့အော်ညီးသံ၊ လူနာစောင့်တွေရဲ့ အတ္တကြောင့်ကုတင် နေရာလုသံ၊ Oxygen အိုးကြီးတွေရွေ့သံ..၊ ဆရာဝန်တွေရဲ့ ဆေးပေးဆေးယူအော်သံ၊ ညစ်ပတ်တဲ့အနံအသက်နေရာတွေရဲ့ မြင်ကွင်း

ငါခံနိုင်ရည်ရှိပါ့မလား..အဖေရောအဆင်ပြေနိုင်ရဲ့လား.. အပြင်ပြန်ထွက်လို့မရတော့ဖူး.. သော့ခတ်ထားလိုက်ပီ..အဲမှာ ဆရာဝန်တွေကိုလိုက်မေး..လူနာအသစ်ပါရှင်..ဘာဆက်လုပ်ရမလဲ ညွှန်ကြားပေးပါဆိုပီး သွားမေးလိုက်..ကြားရတာလေး အဖေ့ကိုနားထောင်ကောင်းအောင် ပြန်ပြောလိုက်..တအောင့်နေတော့ swab လာယူ..ညနေကျတော့ အဖေ P ဖြစ်တယ်.. ၁၁ ရက်နေပီးမှ ဆေးရုံဆင်းရမယ်တဲ့..ခိုးပီးငို..ခိုးငိုလဲ အဖေက ဒီသမီးမျက်နှာပဲ လိုက်ကြည့်နေတာလေ..

အခန်းပြောင်းစီစဥ်ဖို့ ဆရာဝန်တွေဆီ တောက်လျောက်အပူကပ်..ဆူညံအော်သံတွေကြောင့် ညဖက်တွေ အဖေလဲမအိပ်ရဖူး… အိမ်ကလာပို့တဲ့ပစ္စည်းတွေ ထွက်ယူတဲ့အချိန် ထန်းလျက်ခဲကို မြင်လေ ငိုလေ..အငိုမင်းသမီးလေးဖြစ်..(အိမ်ဦးနတ် ထန်းလျက်ခဲကို အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် နော်)…အဖေ့ကလဲ မြင်ကွင်းတွေကြောင့် စိတ်ဓာတ်တွေကျ..အစာမစား..အားမရှိတော့ အဖေ့ကိုဆေးတိုက်ဖို့ အစာတွေကျွေးဖို့ ထခိုင်းဖို့ကို အဖေကမထနိုင်..ဘေးကကောင်လေးတွေကိုခေါ်ပီး မ ခိုင်းနဲ့ ၂ ရက်တိတိ အချိန်တွေကုန်သွားပီး အခန်းပြောင်းဖို့ နာမည်စာရင်းပါလာတယ်..

အဖေပြောင်းသမျှအခန်း သမီးလိုက်မှာနော်ဆိုပီး ဆရာဝန်တွေကိုလိုက်ပြော..လိုက်ခွင့်ရဖို့ မျက်နှာချိုသွေး..လူနာကောင်းရင် လူနာစောင့်လိုက် မရဖူးဆိုပီး ပယ်ချ..အဖေကသမီးကျွေးမှစားလို့ရမှာ..ဆီး ဝမ်းလဲသမီးပဲလုပ်ပေးနေရတာ..သမီးမလိုက်ရရင် အဖေ စိတ်ထိခိုက်ပီးပြိုလဲမှာ လိုက်ခွင့်ပေးပါဆိုပီး ပြော..ငို..အထက်ကိုတင်ပေးမယ် ပြောလိုက်တာ ရင်တွေတောင်တုန်တယ်..ခနနေတော့ လူနာစောင့် လိုက်ခွင့်ရမယ်အသံကြားတော့ ပျော်လိုက်တာအရမ်းပဲ..

အခန်းပြောင်းရတော့ Ambulance ကားနဲ့သွားရမယ်တဲ့..အဖေ့ကိုအားရှိမယ့်စကားတွေ တောက်လျှောက်ပြောနေပေမယ့် ကိုယ်တိုင်က အဲကားစီးရမှာကြောက်နေတာ..ဒီနေရာထက် ကောင်းမယ့်နေရာ ဖြစ်ဖို့ပဲ ဘုရားစာတွေရွတ်..တကယ်လဲလူ့ငရဲခန်းထက်ကောင်းခဲ့ပါတယ်..oxygen 88 ထိကျလို့..အဲအခန်းကစပီး အဖေ oxygen စရူရပီ..ထမင်းလုံးဝမစားနိုင်သေးဖူး..ထမင်းမစားဘဲနေလေ အဖေကအားမရှိလေ..အားမရှိတော့ အိပ်ဖို့ဟိုဖက်ဒီဖက်လှည့်ဖို့တောင် အဖေမလုပ်နိုင်ခဲ့ဖူး.. အဲတော့ ကိုယ်တိုင်မရွေ့ပီးလှည့်ပေးရ..ကွကိုလဲစိတ်တိုတယ်..ပေါင် ၁၅၀ ရှိတဲ့ ငါကဝပီး အဖေ့ကိုမဖို့ မနိုင်ရကောင်းလားဆိုပီးတော့..အဲအခန်းမှာလဲ pဖြစ်တဲ့ ကောင်လေးတွေနဲ့ ရင်းနှီးအောင်နေပီး အဖေကျောပူလို့ ထတဲ့အချိန် ဆေးသောက် ထမင်းစားမယ့်အချိန်တွေမှာ အကူအညီတွေတောင်း..

အဲအဆောင်မှာနေတုံးက အဖေနဲ့နာမည်တူ အသက်၅၀ ဝန်းကျင်..အဖေ့ကုတင်နဲ့ဘေးကပ်ရက်လူနာ ဦးလေးက အစာကျွေးလဲမစားဖူး..oxygen လဲသူရူချင်မှရူတာ.. သူရဲ့လူယုံလူနာစောင့်စကားလဲ နားမထောင်ဖူး ..အဲညက oxygen ချွတ်ပီးအိပ်လိုက်တာ အသက်ရူရပ်ပီးဆုံးသွားတာ.. သူဆုံးနေမှန်းလဲ ကိုယ်ကမသိဖူး.. သူ့လူယုံလူနာစောင့်ကလဲ အိပ်မောကျ.. အဲတညလုံး အဖေက ရူးရူးပေါက်လိုက်..ရေသောက်လိုက်..ရူးရူးအိုး သွားသွန်လိုက်..အဖေနဲ့စကားပြောပေးလိုက်.. တညလုံးအလုပ်ရူပ်နေချိန်.. အဲဦးလေး အိပ်နေတယ်လို့ပဲ ထင်မိတာ..မနက် ၆နာရီ ဆရာဝန်တွေလာမှဆုံးနေမှန်းသိတာ..

အရမ်းတွေလန့်ပီးကြောက်လိုက်တာဆိုတာ..ပီးတော့ အဖေနဲ့နာမည်တူနေတာလေ.. အဲမှာအတွေးတွေက ယောက်ယက်ခတ်.. ငါ့အဖေဘာမှမဖြစ်စေရဖူး..ငါ့လက်ထဲမှာအဖေနေကောင်းမှဖြစ်မယ်.. အမေ့ရဲ့ယုံကြည်ချက်.. မောင်နှမတွေရဲ့အားကိုးစိတ်.. ငါဖျက်ဆီးတဲ့သူမဖြစ်စေရဖူး.. အဖေကျန်းမာပီး အိမ်ပြန်ရောက်မှဖြစ်မယ်.. ဘုရားစာတွေရွတ်.. အဲအချိန်အဖေနိုးလာတော့ အဖေ့ကို အတင်းပြန်ချော့ပီးအိပ်ခိုင်း..ဟိုဖက်မလှည့်ကြည့်ဖို့ နည်းမျိုးနဲ့စကားတွေပြောပီး အိပ်ခိုင်းလိုက်တယ်..ကြွေလွင့်သွားတဲ့သူကိုမမြင်စေချင်ဖူး..စိတ်ဓာတ်ကျပီးအဖေ အားလျော့သွားမှာစိုးလို့..

ကိုဗစ်ကအစာစားချင်တဲ့စိတ် လုံးဝမရှိဖူး.. ခံနိုင်ရည်နဲ့ စိတ်ပိုင်းဆိုင်ရာ အားနဲအောင်လုပ်ပီး လူ့အသက်ကို ခြွေတာပါ..အဲကစပီး oxygen အိုးအပိုယူထားတယ်..oxygen မကျွတ်အောင်အမြဲကြည့်တယ်..အဖေ့ဗိုက်ဖောင်းနေသေးလား.. ပိန်နေသေးလား.. ကြည့်တယ်..စိတ်ပူလို့ပါ..

အဖေထမင်းလုံးဝမစားဘဲနေတာ ၅ ရက်..ကြာလာတော့ စိတ်ပူလာဘီ..အဲအတွက် အားရှိဖို့အားဆေးညွှန်းပေးတဲ့အကို Dr.chris ..တခုခုဆို အချိန်မရွေးph ဆက်ပီးမေးဖို့..အားမနာဖို့ အရမ်းသဘောကောင်းတဲ့အကို..အကိုပေးတဲ့ဆေးတွေ အဖေနဲ့အရမ်းအဆင်ပြေလွန်းတယ်.. ဆေးလိုက်တယ်..ခုထိလဲဆက်တိုက်ph ထဲကညွှန်ကြားပေးလို့ ဒီနေရာကနေ ကျေးဇူးတွေတင်ပါတယ်နော်

အဲဆေးသောက်ပီး ၂ရက်မြောက်နေ့ စားလိုက်တဲ့ထမင်း… ပူဆာလိုက်တဲ့အစားအစာ.. တခုပီးတခုစားလွန်းလို့ ပြန်တားယူပီး အားဆေးမတိုက်ဘဲ နေလိုက်ရတယ်။ ဆီးချိုတွေအရမ်းကျ​​နေတာကနေ ဆက်တိုက်ပြန်ကောင်း..အစာတွေအရမ်းစားပေးလို့..ပျော်လဲပျော်ရပါတယ်..အခန်းဖော်တွေနဲ့ အဆင်ပြေအသားကျနေတဲ့ အချိန် ထပ်ပီးအခန်းပြောင်းဖို့ စာကျလာပြန်တယ်..

ဆရာဝန်တွေဆီသွားပီး အသနားခံပြန်တင်.. သမီးကိုလိုက်ခွင့်ပေးပါနော်.. အဖေကလဲ လာသမျှဆရာဝန်တွေကို ကျွန်တော့်သမီးကို ကျွန်တော်ဘယ်သွားသွားခေါ်သွားဖို့ လုပ်ပေးပါတဲ့.. ဆရာဝန်တွေကလဲ ကျမတို့ကဆေးပဲကုပေးတါ.. အခန်းပြောင်းတာက အထက်ကလုပ်နေတာ.. အဲအတွက်ကျမတို့ ဘာမှမသိဖူး.. အဘနေကောင်းအောင်နေပါပြောတော့ ကျွန်တော့်သမီးရှိရင် ကျွန်တော်နေကောင်းမှာတဲ့..

တကယ်ပါအဖေဆိုတာလေ ကိုယ့်ကိုမျက်စိအောက်က အပျောက်မခံဖူး.. ပါးပါးကိုတယောက်ထဲ ထားမသွားနဲ့နော်.. ပါးပါးကိုပြုစုရတာ အရမ်းပင်ပန်းနေပီလား… ရူးရူးအိုးသွားသွန်ရင်တောင် နဲနဲကြာရင် ဘယ်တွေသွားနေတာလဲ.. ဘာလို့တယောက်ထဲထားခဲ့တာလဲ.. အဲလိုပြောနေတဲ့အဖေ့ကို တယောက်ထဲတော့ သွားခွင့်မပြုနိုင်ဖူး.. ဘယ်နေရာသွားသွား လိုက်ရဖို့ ပြောမယ်ဆိုပီး ဆရာဝန်တွေဆီသွား… တော်သေးတယ် လိုက်ခွင့်ထပ်ရလို့..ထပ်စီးရပြန်ပီ..ambulance ကားကြီး..

ကြားဖြတ်ပြောပါရစေ..လူကြီးတွေ P ဖြစ်ရင် ရအောင်လိုက်သွားပါ.. တယောက်ထဲမလွှတ်လိုက်ပါနဲ့.. အဲအချိန်မှာစိတ်အားငယ်တတ်ပီး အိမ်ကလူတွေလွမ်းတဲ့စိတ်ကြောင့် ဘာမှမစားပါဖူး.. ဆရာဝန်တွေ..worker တွေကလွှဲရင် လူနာကိုပြုစုဖို့ လူပိုမရှိပါဖူး.. ကိုယ့်မိသားစုလောက်ကောင်းတဲ့သူ.. ချော့ပြောပီး ဆေးတိုက်မယ့်သူ မရှိပါ.. တော်တော်များများ လူကြီးတွေ ကြွေလွင့်လို့ မေးလိုက်ရင် စိတ်ကြောင့်ပါ.. တဖြုတ်ဖြုတ်နဲ့ ကြွေသွားတဲ့သူတွေ များကြီး မျက်စိရှေ့မှာ မြင်ခဲ့ရလို့ပါ..အိတ်အမဲ..အိတ်အဖြူတွေဆိုတာ ကြည့်ဖို့သတ္တိမရှိခဲ့ဖူး.. အနိဌာရုံတွေကိုခံနိုင်ရည်မရှိခဲ့ပါဖူး.. လူငယ်တွေတွက် ကိုဗစ်ကအေးဆေးဆိုပေမယ့် သက်ကြီးတွေအတွက် အရမ်းကြောက်ဖို့ကောင်းတဲ့ရောဂါပါ..

အဆောင် ၁၇/ ၁၈ ရောက်ပါပီ..တကယ်ကြီးကောင်းတဲ့အခန်းကိုရောက်ခဲ့တာပါ..P သီးသန့်ထားတဲ့အဆောင်ပါ..ဆရာဝန်တွေရဲ့အနီးကပ်ကိုပိုမိုရရှိသလို အခန်းအပြင်အဆင်ကြောင့် အဖေ့ကိုကြည့်ရတာလဲ လန်းဆန်းနေတယ်..ပုံမှန်ဆို ၁၁ ရက်နေပီးဆေးရုံကဆင်းရမှာ..အဖေ့ကိုစိတ်ချရအောင်ဆိုပီး ဆရာဝန်တွေက ၁၂ ရက်နေခိုင်းပီး ဆင်းခွင့်ပြုခဲ့တယ်.. အဖေအိမ်ပြန်ရောက်ခဲ့ပါဘီ.. စိတ်ချလက်ချကိုယ်လဲ သက်ပြင်းချနိုင်ခဲ့ပါဘီ..

ကိုဗစ် အဖေ p ဖြစ်ခဲ့တယ်..အဖေနဲ့ ၁၂ ရက်လုံးလုံး အနီးကပ်အချိန်နဲ့အမျှ စိတ်..ရုပ်..ကိုယ်အပင်ပန်းခံပီး ပြုစုခဲ့တယ်.. အဲအတွက် ကိုယ်လဲ p ဖြစ်ခဲ့တယ်.. ဆေးရုံတက်နေတဲ့အချိန်တလျှောက်မှာ အံသြခဲ့ရတာကတော့ ဆရာဝန်တွေကိုပါ.. အရမ်းချီးကျူးပါတယ်.. အရမ်းပင်ပန်းခံပီး လူနာတွေအပေါ်ပြုစုတာ.. အချိန်နဲ့အမျှ လူနာတွေကို care လုပ်လွန်းပါတယ်.. ဘယ်လောက်ထိတောင်လုပ်ပေးလဲဆိုရင်လေ လမ်းပေါ်မှာမူးရူးပီးနေတဲ့ အရက်သမားတယောက် ဆေးရုံရောက်လာတာကိုတောင်
မရွံ့မရှာ ဆီး ဝမ်းတွေလုပ်ပေး..ဆေးတွေတိုက်.. အားဆေးချိတ်ပေး..ကျောသားရင်သားမခွဲခြားဘဲ ကုရမယ့်ဆေးတွေဆက်တိုက်ကုပေးတါ..

အဖေ့အသက်ကိုကယ်ပေးခဲ့တာကတော့ ရေးဖွယ်ပြောဖွယ်ရာ မရှိတော့ပါ..ကျေးဇူးကြီးမားလွန်းပါတယ်..ရန်ကုန်ဆေးရုံကြီးကဆရာဝန်များနဲ့ တခြားနေရာဒေသကဆရာဝန်များအားလုံးကို ကျေးဇူးတင်ပါတယ်.. ဆရာဝန် သူနာပြု ပရဟိတသမားတွေဆိုတာ p အဖြစ်ခံပီးပြုစုကုပေးနေတာ တော်ရုံသတ္တိတော့မဟုတ်ဖူး..အားလုံး ကျန်းမာသက်ရှည်ပီး ဘေးဘယကင်းပါစေ..

ထပ်ပြောပါရစေ..ရောဂါအခံရှိတဲ့သက်ကြီးတွေ P ဖြစ်ရင် သွေးသားရင်းတယောက်မဖြစ်ဖြစ်အောင် လိုက်သွားပါနော်..

May Photo Zaw

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page