ဧရာဝတီစင်တာကို ကုတင် (၉၂၀) ဆံ့အထိ တိုးချဲ့လျက်ရှိ၊ ဝန်ထမ်း (၃၀၀) အတွက်ပါ နေရာစီစဥ်ပေးမည်

ဧရာဝတီစင်တာကို ကုတင် (၉၂၀) ဆံ့အထိ တိုးချဲ့လျက်ရှိ၊ ဝန်ထမ်း (၃၀၀) အတွက်ပါ နေရာစီစဥ်ပေးမည်

ကိုဗစ် ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ချက် ရှိနေသေးတဲ့အတွက် ဧရာဝတီစင်တာကို ကုတင် (၉၂၀) ဆံ့အထိ တိုးချဲ့ဆောက်လုပ်လျက် ရှိပါတယ်။

(၂၉) ရက်နေ့မှာ ကုတင် (၁၅၀)၊ (၃)ရက်နေ့မှာ ကုတင် (၂၇၀) ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့ ICU/HDU (၇၅) ကုတင်ပါ Critical Care Unit ကိုလည်း ဆရာကြီးဒေါက်တာဇော်ဝေစိုး ဦးဆောင်ပြီး အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

ထို့အတူ ဧရာဝတီစင်တာအတွက် လိုအပ်တဲ့ စေတနာ့ဝန်ထမ်းပေါင်း (၃၀၀)ကျော် နေထိုင်နိုင်ဖို့ နေရာထိုင်ခင်းတွေ ပြင်ဆင်ဆောင်ရွက်လျက် ရှိပါတယ်။ လက်ရှိ အခက်အခဲမှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဆရာဝန်ဆရာမများ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များ၊ ဝိုင်းဝန်းဆောက်လုပ်ပေးကြသူများ အားလုံး အားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်။

ဦးဇော်ဇော်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page