ဧရာကိုဗစ်ကုသရေးစင်တာ (B) တွင် မနက်ဖြန်မှ စပြီး လူနာများ လက်ခံပြီ
ဧရာကိုဗစ်ကုသရေးစင်တာ (B) တွင် မနက်ဖြန်မှ စပြီး လူနာများ လက်ခံပြီ
ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းဝင်းအတွင်းရှိ လက်ရွေးစင်ကစားသမား အဆောင်များတွင် ကိုဗစ် ရောဂါကုသရေး စင်တာအဖြစ်ပြင်ဆောင်ရွက်ထားသည့် ကုတင် ၃၀၀ ဆံ့ ဧရာဝတီစင်တာ B သို့ ယနေ့(အောက်တိုဘာလ ၃ရက်) မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာရောက်ကြည့်ရှုခဲ့ပြီး အောက်တိုဘာလ ၄ရက်တွင် လူနာများကို စတင်လက်ခံ ထားရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မှ ပြောဆို သွားခဲ့ပါတယ်။
အဆိုပါ လက်ရွေးစင် ကစားသမားများအဆောင်များသည် ကိုဗစ်ကာလ၌ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ကစားသမား ၃ဝဝကျော် ကို ပြိုင်ပွဲကာလတစ်လျောက် အသွားအလာ ကန့်သတ်၍ ထားရှိထားသော ကြောင့် အောက်တိုဘာလ ၁ရက် ပြိုင်ပွဲပြီဆုံးချိန်မှ ကိုဗစ်ကုသရေး စင်တာအဖြစ် ပြင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
”ကစားသမားတွေ ပြန်သွား ကတည်းက ပြင်ဆင်မှုတွေကို အားချင်းဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။ အရင်က ကုတင် ၂၇၀ ဆံ့အတွက် ရည်မှန်းထားပေမဲ့ လိုအပ်ချက် အရ ကုတင် ၃၀၀ ဆံ့အထိ ပြင်ဆင် ဆောင်ရွက်ခဲ့ပါဖြစ်ပါတယ်” ဟု ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျန်းမာရေး နှင့် အားကစားဝန်ကြီး၏လမ်းညွှန်ချက်ဖြင့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ယူ၍ ကိုဗစ်ရောဂါ ကုသရေး စင်တာ A ကို သုဝဏ္ဏမြက်ခင်းတု ဘောလုံးကွင်းတွင် ယာယီဆေးရုံ( Hospital Tent )များ တည်ဆောက်၍ စက်တင်ဘာလ ၁၉ရက် ကတည်းဖွင့်လှစ်ကာ ကိုဗစ်လူနာများကို လက်ခံကုသမှုများ ပေးနေပြီဖြစ်ပါတယ်။
ထို သုဝဏ္ဏမြက်ခင်းတု ဧရာဝတီစင်တာတွင် ပထမအကြိမ် ဆောက်လုပ်ခဲ့သော ယာယီ Tent များတွင် လူနာ ၄၁၆ ဦး နှင့် ထပ်မံ တိုးချဲ့လိုက်သည့် ယာယီ Tent များတွင် လူနာ ၁၅၀ ဦး တို့ အတွက် တပြိုင်နက်တည်း ထားရှိ ကုသပေးနိုင်ကြောင်း သိရပါတယ်။