ရန်ကုန်မြို့လယ်ခေါင် အောင်ဆန်းကွင်းရှေ့တွင် ကိုယ်ပူချိန်မြင့်နေသည့် လူတဦး လဲကျနေ

ရန်ကုန်မြို့လယ်ခေါင် အောင်ဆန်းကွင်းရှေ့တွင် ကိုယ်ပူချိန်မြင့်နေသည့် လူတဦး လဲကျနေ

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အောင်ဆန်းကွင်း အရှေ့ဖက်ခြမ်းသို့ ကိုယ်အပူချိန် မြင့်မားနေတဲ့ လူတဦးကို ယနေ့ (၂၇-၈-၂၀၂၀)၊ နံနက် ဆယ်နာရီကျော်မှာ လာရောက် စွန့်ပစ်သွားတယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသားသည် ကိုယ်ပူချိန် ၉၉ ဒီဂရီစင်တီဂရိတ်ကျော် ရှိနေပြီး သတိလစ်မေ့မြောလုနီးပါး ဖြစ်နေပါတယ်။

ယခုလိုအချိန်မျိုးမှာ ကိုယ်ပူချိန်မြင့်မားနေတဲ့ လူတဦီး အခုလို လဲကျနေတာကတော့ အထူးပဲ စိုးရိမ်စရာ ကောင်းနေပါတယ်။ ယင်းအမျိုးသားကို ပရဟိတအဖွဲ့တဖွဲ့က ဆေးရုံသို့ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

သန်းကျော် ( ခ ) အော်စကာ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page