အောင်နိုင်ရေးပွဲတွေ ခြိမ့်ခြိမ့်သဲနေတဲ့ မြို့တွေနဲ့ ကိုဗစ်ဒုတိယလှိုင်း ထိပ်ဆုံးရောက်ချိန်

အောင်နိုင်ရေးပွဲတွေ ခြိမ့်ခြိမ့်သဲနေတဲ့ မြို့တွေနဲ့ ကိုဗစ်ဒုတိယလှိုင်း ထိပ်ဆုံးရောက်ချိန်

ရန်ကုန်မှာ ကိုဗစ် positive တွေ အများကြီး တွေ့နေတုန်းက ရွေးကောက်ပွဲအတွက် စိတ်မပူဘူး။ ဘာလို့လဲ ဆိုတော့ လှိုင်းဆိုတာ တက်ပြီးရင် ကျရမှာပဲလေ။ ဖိဖိစီးစီး စစ်မယ်၊ နောက် ပြည်သူတွေလည်း အများကြီး တွေ့လာရင် ကြောက်ပြီး အသွားအလာဆင်ချင်တာနဲ့ ဆိုရင် ရွေးကောက်ပွဲ ကျင်းပမယ့် ရက်မှာ ရန်ကုန်ဟာ တော်တော်လေး လုံခြုံနေလောက်ပြီ တွေးမိတာ

ဒါပေမယ့် နည်းနည်း လိုသွားတာက ရန်ကုန်ကနေ နယ်တွေကို ဆင်းလာမယ့် ကိုဗစ် Positive တွေ ရှိလာမှာကိုပါ။ နယ်တွေက ကြပ်ကြပ်မတ်မတ် ဘယ်လောက် လုပ်လုပ် အုတ်တံတိုင်း ခတ်ထားလို့မှ မရတာကိုး။ ဒီနေ့ တချို့ မြို့ငယ်လေးတွေမှာ စံချိန် အသစ်တင် ပြီး (+) လူနာတွေ တွေ့တယ် ဆိုတော့ ရန်ကုန်ကနေ ပြန့်ကားသွားတဲ့ လှိုင်းဟာ နယ်တွေမှာ ဒုတိယလှိုင်းအနေနဲ့ စလာမှာ စိတ်ပူစရာပါ။

အထူးသဖြင့် ရန်ကုန်လောက် အသိပညာ မရှိတဲ့ နယ်က လူတွေဟာ အနီတွေ၊ အစိမ်းတွေ၊ အဝါတွေနဲ့ လှည့်ကောင်းတုန်း ရှိသေးတယ်။ ဒီလူတွေထဲသာ ပြန့်သွားရင် စိတ်ပူတယ်။ အထူးသဖြင့် နယ်တွေမှာ ဒုတိယ လှိုင်း ထိပ်တွေက ရွေးကောက်ပွဲ ကျင်းပတဲ့ ရက်နဲ့ ကွက်တိကျနေရင်…

ရင်မောစရာ ကောင်းလွန်းလှပါတယ်။ တချို့ကိစ္စတွေက အစိုးရနဲ့ မဆိုင်လှဘူး။ ပြည်သူ့ အသိဉာဏ်နဲ့ ပိုဆိုင်ပါတယ်။

နယ်တွေမှာ သတိတရားဝင်ပြီး ကိုယ့်အသိနဲ့ကိုယ် stay home စသင့်နေပါပြီ။

သက္ကမိုးညို

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page