အဘအောင်မင်းခေါင် ပုပ္ပားတောင်ပေါ်မှာရေးခဲ့တဲ့ “ပတ်ဆော်ကာ ကပ်ကျော်မယ့်ကိန်း” တဘောင်

အဘအောင်မင်းခေါင် ပုပ္ပားတောင်ပေါ်မှာရေးခဲ့တဲ့ “ပတ်ဆော်ကာ ကပ်ကျော်မယ့်ကိန်း” တဘောင်

မြန်မာရောဂါကပ်ဘေးနဲ့မြန်မာရွေး ကောက်ပွဲဆက်ဆပ်နေတဲ့သဲလွန် စ တဘောင်တစ်ခုကိုလေ့လာမိပါ တယ်——-

ဘယ်လိုစပ်ဆက်နေသလဲဆိုတော့ ၁၃၁၀ ခုနှစ်မှ ၁၃၁၄ ခုနှစ်အတွင်း ဘိုးတော်အောင်မင်းခေါင် ပုပ္ပါး တောင်ကလာပ်မှာရေးဆပ်ခဲ့တဲ့တဘောင် စာက ဖော်ပြနေတာဖြစ်ပါတယ်—-

“လွဲမထွက်သာ ဝဲဘက်ယာပါမှ ဇတ်မဟာရုပ်စုံထွက်ပြီမို့ မိုးလင်းရင် ဇတ်တော်သိမ်းမည်တဲ့ ပတ်ဆော်ကာ ကပ်ကျော်မဲ့ကိန်းပါပဲ —

ဆိုတဲ့ကိုးန၀င်းတဘောင်စာထဲက နောက်ဆုံးအပိုဒ် စာဖြစ်ပါတယ်။ တစ်ခုချင်းအဓီပ္ပါယ် ပြန်ကြည့်ရင်—-

[ လွဲမထွက်သာ ၊ ဝဲဘက်ယာပါမှ ] ဆိုတဲ့အဓီပ္ပါယ်ကဝဲယာမတူညီတဲ့အမြင်အငြင်း အခုန်များနှင့်အတူ —-

[ လွဲမထွက်သာ ] တဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေပြဌာန်းချက်အရ စစ်တပ်နှင့်အစိုးရဟူ၍ နိူင်ငံတွင် အင်အားကြီးနှစ် ရပ်ပေါ်လာလိမ့်မယ် လို့ဆိုလိုခြင်းဖြစ်ပါတယ်—-

[ ဇတ်မဟာရုပ်စုံဖွင့်ပြီမို့ ] ဆိုတဲ့တဘောင်အပိုဒ်ရဲ့ဆိုလိုချက်က အခုလို နီ၊ စိမ်၊ ဝါ၊ပြာ ၊ ဖြူ၊ စတဲ့ ရောင်စုံပါတီတွေ ထွက်ပေါ်လာခြင်းနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲစုံ ရည်ရွယ်ချက်စုံ ပေါ်ပေါက်လာမယ် လို့ ဆိုလိုခြင်းဖြစ်ပါတယ်—–

[ မိုးလင်းရင် ဇတ်တော်သိမ်းမည်တဲ့ ] ဆိုတဲ့တဘောင်စာအပိုဒ်ရဲ့ဆိုလိုချက်က မိုးလင်း ရင် နေမင်းကိုမြင်ရမယ် နေမင်းဆိုတာဘာလဲ-?

မြန်မာတို့အယူဆမှာ လမင်းကို(ယုန်)တံဆိပ် သင်္ကေတနဲ့ ခိုင်းနှိုင်းခဲ့ကြသလို ဖန်နေ၀န်းကို တော့ ( ဒေါင်း) တံဆိပ်သင်္ကတနဲ့ခိုင်းနှိုင်းကြ ပါတယ်— ပိုမိုသေချာ အောင်ဆက်ကြည့်ကြမယ်—

[ မိုးလင်းရင် ] ဆိုတဲ့ တဘောင်ပိုဒ်ကို– ပိုမိုသေချာတဲ့ အထောက်ပံ့တဘောင်စာနှစ် ပိုဒ်နဲ့ ကြည့်ရင်— တဘောင်စာ တစ်ခုမှာ— [ ကြက်မတွန်မှ မိုးလင်းလိမ့်မယ်]

နောက်တစ်ခုက— [ ဇာမဏီကြက်မ သူကတွန်တယ် ဇဗ္ဗူတခွင် လင်းလို့ မဆုံး ]

ဆိုတဲ့ တဘောင်စာနှစ်ခုဖြည့်ဆွတ်အားဖြည့် ကြည့်တဲ့အခါ အဖြေက ရှင်းပါတယ်။ ဒေါင်း တံဆိပ်ပါတဲ့ အမျိုးသမီးတစ်ဦး ဦးစီးတဲ့ပါတီက မဲ အနိူင်ရမယ် လို့ ဆိုလိုခြင်းဖြစ်ပါတယ်—

[ ပတ်ဆော်ကာ ကပ်ကျော်မဲ့ကိန်းပါပဲ ] ဆိုတဲ့အပိုဒ်က အခု ပတ်ဆော်တယ်ဆိုတာအောင် ပွဲခံနေကြတဲ့အချိန် တနည်းအောင်ပွဲခံနိူင်မယ် အခု ကြုံတွေ့ခံစားနေရတဲ့ ကပ်ဘေးကြီးလည်းကျော် နိူင်လိမ့်မယ်လို အဘအောင်မင်းခေါင်ရဲ့ တဘောင် စာ အဓီပ္ပါယ်က ဆိုလိုခြင်းဖြစ်ပါတယ်—

အဘမင်းခေါင်ကြိုတင်မိန့်ထားပုံက—

”ကိုလေးတို့ မလေးတို့ ရေ — အနာဂါတ်မှာ ကပ်ကြီးတစ်ခုကြုံကြမယ် ကပ်ကြီးကြုံတဲ့အချိန်မှာ တို့တိုင်းပြည်မှာ မလွဲမရှောင်သာ ရာဇပုလ္လင်မှာ ဩဇာကြီး မားသူ ဝဲ/ယာ အုပ်စုကြီးနှစ်ခု စိုးစံကြလိမ့် မယ်— ထိုသို့စိုးစံကြတဲ့အခါ အဖွဲ့စည်းပေါင်းစုံ ပါတီပေါင်းစုံ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လည်းပေါ်ကြလိမ့်မယ်— မပူကြပါနဲ့ကွယ် — မိုးလင်းတဲ့အခါ ကပ်ကြီးဘေးက ကိုလေးတို့ မလေးတို့ ပျော်ပျော်ပါးပါးနဲ့ ကျော်ဖြတ်နိူင်ကြမှာပါကွယ်—-

Dr.ရဲဇော်(ဇီးကုန်း)
Shwe Darr Yoee

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page