အောင်လကို မြန်မာ တပြည်လုံးက နှစ်နှစ်ကာကာ ချစ်ကြရတဲ့ အကြောင်းအရင်း

အောင်လကို မြန်မာ တပြည်လုံးက နှစ်နှစ်ကာကာ ချစ်ကြရတဲ့ အကြောင်းအရင်း

နိုင်ငံရေးနားလည်သူတွေကပြောကြတယ် ကျွန်တော်တို့ဟာသူရဲကောင်းတွေကိုပဲ မျှော်လင့်အားကြီးတယ််ပေါ့… Heroism ပေါ့…

ဒါလည်းမှန်တယ်.. ဥပမာ အောင်လကိုအမြဲနိုင်စေချင်တယ် နိုင်ငံတော်အတိုင်ပင်ခံကိုအမြဲအသက်ရှည််စေချင်တယ်… သူတို့တွေကိုအားကိုးလွန်းအားကြီးတယ်..

ဘာကြောင့်ဒီလိုသူရဲကောင်းတွေကို အားကိုးမိလဲသုံးသပ်ကြည့်မိတော့ ကျွန်တော်တို့ မျက်နှာငယ်ခဲ့ရတာတွေကို ဒီသူရဲကောင်းတွေကြောင့် Hope မျှော်လင့် ချက်တွေပြန်ဖြစ်လာတာကြောင့်လို့ထင်မိတယ်..

မြန်မာပြည်မှာသူရဲကောင်းတွေကလည်းများများ မရှိဘူးလေ… စနစ်တစ်ခုကနေ ဖြတ်ထုတ်လိုက်တာ အောင်လတွေ အများကြီး ထွက်လာမလာတော့ဘူး နိုင်ငံခြားတွေရောက်ကုန်တယ် (ဒါတောင် အောင််လ ပြန်လာလို့) ယိုးဒယားဘက်မှာလဲ မြန်မာနိုင်ငံဘက်ကထွက်သွားပြီး အစွမ်းပြနေတဲ့ ဘောလုံးသမားတွေ ခြင်းလုံးသမားတွေ အခြားအတတ်ပညာရှင်တွေအများကြီးပဲ…

ဒီလိုသူရဲကောင်းတွေသာ မျိုးစေ့ကောင်းဆိုရင် မြန်မာနိုင်ငံဟာ အရင်တုန်းက စိုက်ပျိုးလို့မဖြစ်နိုင် တဲ့ မြေဆီဩဇာမရှိတဲ့၊ မျိုးစေ့ကောင်းကိုတောင် ရှင်သန်မလာအောင်သတ်ပစ်နိုင်တဲ့ ပတ်ဝန်းကျင် နဲ့တူနေခဲ့တယ်…. ဒါကြောင့်ဒီလိုမျိုးစေ့တွေဟာ ရေခံမြေခံကောင်းကို ရှာပြီးရှင်သန်ကြီးပြင်းဖို့ကြိုးစားကြရတော့တယ်…

လောလောဆယ်ပြည်သူတွေဟာ ဒီလိုသူရဲကောင်းတွေထွက်လာဖို့ အင်စတီးကျူးရှင်းတွေလည်း ခိုင်ခိုင်မာမာမရှိသေးတော့ ရှိတဲ့သူရဲ့ကောင်းတွေကိုပဲ ပုံပြီးချစ်ကြအားကိုးကြရ တော့တယ်… ဒီလိုသူရဲကောင်းတွေကပဲ သူတို့လိုသူရဲကောင်းတွေ ထပ်ထွက်လာအောင် အင်စတီကျူးရှင်းတွေအုတ်မြစ်ချ ပေးနိုင်ဖို့ Hope နဲ့ ဒီလိုသူရဲကောင်းတွေကို အားကိုးတကြီးချစ််နေကြရတယ်..

ပညာရေးအားကောင်းပြီး မျိုးစေ့ကောင်းတွေကို ပျိုးထောင်ပေးနိုင်တဲ့၊ ရေခံမြေခံကောင်းတဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာတဲ့တစ်နေ့တော့ ဒီလိုသူရဲကောင်းတွေ အများကြီးဖြစ်လာပြီး မြန်မာနိုင်ငံသူနိုင််ငံသားတွေ ခေါင်းမော့ ရင်ကော့လာနိုင်ကြမှာပါ…

Aung Kyaw San

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page