ရွှေခါးပတ်ကိုပဲ ပေးလိုက်မယ် ကိုအောင်လကိုတော့ လုံးဝ မပေးနိုင်ဘူး
ရွှေခါးပတ်ကိုပဲ ပေးလိုက်မယ် ကိုအောင်လကိုတော့ လုံးဝ မပေးနိုင်ဘူး
သူ့ကို နယ်သာလန် ဖိုက်တာက နောက်က သိုင်းပြီး လူမဆန်စွာ ချုပ်ထားတဲ့ အချိန်… တိုက်ရိုက် ကြည့်နေတဲ့ ပြည်သူတွေ လှုပ်မရခဲ့…
သူ့ လည်ပင်းကို ဟိုဘက်က ဖိုက်တာက ညစ်သတ်နေတဲ့….အချိန်၊ ကျွန်တော်တို့ ပြည်သူတွေ မွန်းကြပ်နေခဲ့တယ်…
စိတ်ထဲ လက်ပုတ် လက်ပုတ် ပါတော့.. အကြိမ် ကြိမ် ဆုတောင်းတယ်…..
ကိုဗစ် ဖြစ်ထားတဲ့ သူတစ်ယောက်က အသက်ရှုရပ်တာကို လုံးဝ လုံးဝ တောင့်မခံနိုင်ပါဘူး… ဒါ ကိုယ်တွေ့ပါ….
ဒါပေမဲ့ သူ မျက်နှာတွေ ပြာတက်သွားတဲ့ အထိ သူတောင့်ခံတယ်…
ဝမ်းချန်ပီယံရှစ်မှာ တောင့်ခံရင်း အသတ်သေသွားတဲ့ ဖိုက်တာတွေ မှ အများကြီး…
ဝမ်းချန်ပီယံရှ ရဲ့ သဘော သဘာဝက တစ်ယောက်ပဲ ချန်ပီယံ သရေမရှိစေရဘူး… ဒါကြောင့် သူ့ကို အရမ်းစိတ်ပူတယ်… သူ လက်ပုတ်လိုက်မှပဲ အလုံးကြီး ကျသွားတော့တယ်…
ခါးပတ်ပဲ ပေးမယ် ကိုအောင်လ ကို တော့ မပေးနိုင်ပါဘူး..
မင်းရသ