ရန်ကင်းအောင်ချမ်းသာ စာသင်တိုက်မှ သံဃာ အပါး ၅၀ ကျော် ကိုဗစ်ကူးစက်ခံရ

ရန်ကင်းအောင်ချမ်းသာ စာသင်တိုက်မှ သံဃာ အပါး ၅၀ ကျော် ကိုဗစ်ကူးစက်ခံရ

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်အတွင်းရှိ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်မှ သံဃာအပါး ၁၀၀ကျော်ကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ရာ အပါး ၅၀ကျော်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအောင်ချမ်းသာပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား ကျန်းမာရေးစစ်ဆေးခြင်းကို အောက်တို ဘာလ ၂၁ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထိုသို့အောင်ချမ်းသာပရိယတ္တိစာသင်တိုက်မှ သံဃာအပါး ၁၁၀နဲ့ လူပုဂ္ဂိုလ် ၁၃ဦးတို့ကို ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့ရာ သံဃာ ၅၂ပါးနဲ့ လူပုဂ္ဂိုလ် ၄ဦးတို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ကျောင်းတိုက်ရှိ အရှင်သုမနောဘာ သက မိန့်ကြားထားပါတယ်။

ဒါ့ပြင် ပိုးတွေ့ရှိသူများအနက် အနံ့မရသူအချို့မှတပါး အကုန်ကျန်းမာရေးကောင်းမွန်လျက်ရှိတယ်လို့ အရှင်သု မနောဘာသက လူမှုကွန်ယက်စာမျက်နှာမှာ မိန့်ကြားထားချက်အရ သိရပါတယ်။

ထို့နောက် ပိုးတွေ့ရှိသည့် သံဃာတော်များအား ဗဟန်းမြို့နယ်ရှိ ကိုဗစ်ကုသရေးဌာန(ရတနာဃရဗိမာန်စင် တာ)သို့ ပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page