မြန်မာတွေ အတုယူသင့်တဲ့ ဂျပန်လူမျိုးတွေရဲ့ အမှိုက်ပစ်ခြင်း အလေ့အထ

မြန်မာတွေ အတုယူသင့်တဲ့ ဂျပန်လူမျိုးတွေရဲ့ အမှိုက်ပစ်ခြင်း အလေ့အထ

ဟိုနေ့က Friend အမ တစ်ယောက်တင်ထားတဲ့ ဒီပုံလေးကိုကြည့်ပြီး သဘောကျမိတယ်ဗျ သူ့အမျိုးအစားအလိုက် အမှိုက်ပစ်တဲ့စနစ်ကို ကြိုက်တယ်။ ဥပမာ ခင်ဗျားသာ စည်ပင်ဝန်ထမ်းတစ်ယောက်ကို ကိုယ်ချင်းစာမိရင် အမှိုက်ကို စနစ်တကျထုတ်ပိုးပြီးပစ်မိမှာပဲ။ ဟုတ်တယ်ဗျ ဘယ်သူက ညစ်ညစ်ပတ်ပတ်ကြီးတွေကြားထဲ အနံဆိုးကြီးရှူရှိုက်ပြီးအလုပ်လုပ်နေချင်မှာလဲ။ ခင်ဗျားဆိုရင်ကော.?

ကဲ အဲ့ဒါခဏ ထားလိုက်ပါအုံး အမှိုက်ပစ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး အဓိကပြောချင်တာကတော့…. အဲ နီးနီးနားနားအာရှပဲ သွားလိုက်ရအောင်။ ခင်ဗျားစစ်ကားတွေကြည့်ရင် (တင်နိုဟေကာ ဘန်ဇိုင်း ) ဆိုပြီး စက်သေနတ်နဲ့ အပီလှော်နေတဲ့ US စစ်သားတွေကို ဓားကြီးနဲ့ အတင်းတက်ခုတ်တဲ့ သောက်ပေါတွေကိုမြင်ဖူးမှာပေါ့ ဟုတ်တယ် ကျနော်အခုပြောမှာကလဲ အဲ့မေဘေး တွေရဲ့ နိုင်ငံ။

(Japan) ဂျပန်ရဲ့ အမှိုက်သိမ်းစနစ်ကချစ်စရာလေးဗျ။ သူက ပစ်ရမဲ့ အမှိုက်ကို သူ့အကန့်နဲ့သူ ခွဲထားတယ် ဥပမာ မီးခြစ်ဆိုရင် မီးခြစ်တွေသီးသန့် ပုံးလေးတွေရှိတယ် အမှိုက်ခြောက် ရေသန့်ဘူး အတွက် သီးသန့်ပုံးလေးတွေရှိတယ်။ အမှိုက်စိုအတွက်သီးသန့်ပုံးလေးတွေရှိတယ်။ အဲ့မယ် အမှိုက်စိုဆိုရင် အိတ်လေးနဲ့နှစ်ထပ်ထုပ်တာဗျ ၊ အကြောင်းပြချက်ကတော့ အမှိုက်သိမ်းသမားတွေပေမှာစိုးလို့ (ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ) ကိုယ်ချင်းစာစိတ်ဆိုတာ အဲ့ဒီ့ကလာတာဗျ။

ပြီးတော့ ကလေးလေးတွေဆိုရင် ကျောင်းမှာရော အိမ်မှာရော ငယ်ငယ်လေးကတည်းက အမှိုက်ကို စနစ်တကျပစ်တတ်အောင်သင်ပေးထားတယ် ။ လမ်းမှာ နေရာတိုင်း အမှိုက်စို အမှိုက်ခြောက်ခွဲထားတဲ့ အမှိုက်ပုံးလေးတွေရှိတယ်။ အဲ့ဒါကြောင့် ခင်ဗျား ဂျပန်ကားတွေထဲမှာမြင်ဖူးလိမ့်မယ် ။(ပြောချင်တာက ဂျပန်ကားဆို ဂျပန်ကားလိုက်ဗျာ ပေါက်ကရတွေ လျောက်မတွေးနဲ့ – ဤကားစကားချပ်) လမ်းမပြောနဲ့ လမ်းကြားထဲကအစ သပ်ရပ်နေပြီး မြောင်းထဲမှာတောင် အလှမွေးငါးတွေမွေးထာတာ။ ပြီးတော့ အမှိုက်ကို စည်းကမ်းတကျပစ်တော့ မြောင်းပေါက်ပိတ်ပြီး ရေလျံတာတွေမရှိဘူးပေါ့။

ဂျပန်လူမျိုးက သန့်ရှင်းမှုကို အလေးထားတယ်။ အဲ့ဒီ့စိတ်ဓာတ်လေးကနေ တစ်ဖြည်းဖြည်းဆင့်ကဲပြီး လူကြီးလူကောင်းစိတ်ဆိုတာဖြစ်ပေါ်တာ။ အမှိုက်မရှိပဲ သန့်ရှင်းသပ်ရပ်နေခြင်းဟာလဲ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခါကို ဖော်ဆောင်တာပါပဲ။ ခင်ဗျား ကြည့်လိုက် ကျနော်တို့ တိုင်းပြည်မှာဆိုရင် အမှိုက်ကို တွေ့ကရာနေရာပစ်ပြီး ရှုပ်ပွချင်တိုင်းရှုပ်ပွနေတာ။ တကယ်တော့ အဲ့ဒါဟာ ကိုယ့်တိုင်းပြည်ရဲ့ မျက်နှာကို တစ်ဖက်တစ်လမ်းကနေ တတက်တအား ရေနံချီးလောင်းနေတာပါပဲ။

နိုင်ငံတစ်နိုင်ငံရဲ့ လမ်းတွေပေါ်မှာ စည်းမဲ့ ကမ်းမဲ့ အမှိုက်တွေ ရှိနေရင် အဲ့နိုင်ငံနဲ့လူမျိုးကို တစ်ခြားလူမျိုးက သိပ်မလေးစားတော့ဘူးဗျ။( ဥပမာ လေဆိပ်ကနေ အထွက် အမှိုက်ပုံကြီးမြင်နေရရင် ငါတို့လူမျိုးက စောက်ထင်ကြီးစရာမရှိပါဘူးကွာ ဆိုပြီး အသံတိတ်ပြောတာ) ကျနော်တို့ ကိုရွှေမြန်မာ များကလဲ စကေးကကြမ်းတယ် ။ အမှိုက်မပစ်ရလို့ ဆိုင်းဘုတ်ရေးထားရင် အဲ့နေရာကိုပဲ ဆိုင်းဘုတ်အပျောက်လှော်တာ။ အမှိုက်သိမ်းစနစ်ကလဲ စိတ်ပျက်စရာကြီး။

အဲ့လို အမှိုက်ပစ်တဲ့ကိစ္စဟာ သေးသေးလေးမထင်ပါနဲ့ ။ ရှိရှိသမျှသော စည်းကမ်းရှိခြင်း မရှိခြင်းဆိုတာဟာ အမှိုက်တစ်စကို ဘယ်လိုပစ်လိုက်သလဲဆိုတာကနေ ဆင့်ကဲ့ပေါက်ဖွားလာတာ။ ( ပုဂံ ဘုရား နဲ့ မင်းကွန်း က ကိုယ့်ဘိုးဘေးတွေရဲ့ လက်ရာတွေအပေါ် ဆော့ပင်တွေ နဲ့ နိ့ကိုနာချစ်တယ်လို့ ရေးတာမျိုး ABC+HJK ဘယ်နှရက်မှာ ချစ်သူစဖြစ်တယ်ဆိုတာမျိုး အတျဲလေး အရမ်းချစ်တယ်ရ် ဆိုတဲ့ ပေါက်ကရတွေ လက်ကမြင်းပြီးရေးတာမျိုးကတော့ အတော်လေးရုပ်ပေါက်လွန်လွန်းတဲ့ ကိစ္စပါ ။ ကိုယ့်တိုင်းပြည်ရဲ့အစားထိုးမရတဲ့ အမွေတွေကို မထိန်းသိမ်းရင်နေ မဖျက်ဆီးကြပါနဲ့)

ကဲ့အဲ့တော့ စာရှည်သွားပြီ နောက်ဆုံးပိတ်ရေးချင်တာက မြန်မာတို့စည်းကမ်းရှိကြပါ။ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခါကို တစ်ဖက်တစ်လမ်းကနေ တက်လာအောင်ကူညီပါ။ အမှိုက်တစ်စတွေ့ရင်ကောက်ပြီးအမှိုက်ပုံးထဲထည့်လိုက်ပါ။မြို့နယ်တိုင်း သန့်ရှင်းသပ်ရပ်ပါစေ။ တကယ်လို့တိုးရစ်တစ်ယောက်ကို မြင်ရင် ရင်ကော့ ခေါင်းမော့ပြီး တွေ့လား တို့လူမျိုးဘယ်လောက်စည်းကမ်းရှိလိုက်သလဲလို့ပြောပြီး အမှိုက်မရှိတဲ့ လမ်းတွေ ကို လက်ညှိုးထိုးပြနိုင်အောင်လုပ်ပါ။ ဟုတ်ကဲ့ ပုံယူသုံးခွင့်ပေးတဲ့အမကိုကျေးဇူးတင်ပါတယ်ခင်ဗျ။

မင်းသန့်ကျော်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page