အသက်ကြီးနေတဲ့ အဖွားကို မိုးရေထဲမှာ တောင်းခိုင်းတဲ့ လူတစု (တွေ့ရင် ရဲစခန်းကို အကြောင်းကြားပေးပါ)

အသက်ကြီးနေတဲ့ အဖွားကို မိုးရေထဲမှာ တောင်းခိုင်းတဲ့ လူတစု (တွေ့ရင် ရဲစခန်းကို အကြောင်းကြားပေးပါ)

နောက်ကွယ်က ခိုင်းစေသူဟာ မလှမ်းမကမ်းမှာဘဲ ရှိနေတယ် – ဒါပေမယ့် သူ့ကိုတော့ မမြင်ရဘူးပေါ့လေ – တနေရာကနေ ကျွန်တော့်ကို လှမ်းကြည့်နေမှာတော့ အသေအချာပါပဲ ဘာ့အတွက် ခုလို အရွယ်ကို လမ်းဘေးချထားတာလဲ..

အဖွားကတေ့ာ ငါ့ကို ခုလို ဘဝရောက်အောင် လုပ်ပေးပါလို့ပြောမှာ မဟုတ်ဘူးလေ – သူလဲ နားချင်ရှာပြီပေါ့ သူလဲ တခြားသော အဖိုးအဖွားတွေလို ဥပုတ်သီတင်းဆောက်တည်ပြီး ငြိမ်းချမ်းစွာ နေချင်မှာပေါ့ ညနေ စောင်းတော့ လူတစ်ယောက် လာခေါ်တယ် – ခပ်တောင့်တောင့် လူတဦးပါပဲ အဖွားရဲ့ဆွေမျိုးလား စေခိုင်းသူလား ဘာမှန်းမသိလိုက် သူ့ကို နောက်ယောင်ခံမှန်း သိတော့ taxi နဲ့ထွက်သွားတယ်..

နောက်ရက်တွေ ရှာကြည့်တဲ့အခါ အဖွားကို ရှာမတွေ့တေ့ဘူး နေရာပြောင်းသွားတာလား အဖမ်းခံရမှာ စိုးလို့ ထပ်မလုပ်တော့တာလား မပြောတတ်ပါဘူး – ဒါပေမယ့် အရင်လို တကယ့် အိုမင်းမစွမ်း အဖိုးအဖွားတွေတော့ အလွန်ကို နည်းသွားပါတယ် – ဒီနေရာမှာ လေးလေးနက်နက် ပြောလိုတာက ကျွန်တော်တို့အားလုံး ဒါမျိုးကို လက်မခံဘူး – ဒါမျိုးကို ခွင့်မပြုဘူးဆိုတာကို စေခိုင်းသူတွေသိအောင် ညီညီညွှတ်ညွှတ် ပြသရပါမယ်..

တွေ့တဲ့နေရာချက်ချင်းဖမ်း ​နောက်ကလိုက်လာတဲ့သူကိုပါ ချက်ချင်း ဖမ်းဆီးရင် ဘယ်သူမှ အဖိုးအဖွားများကို မစေခိုင်းရဲတော့ပါ ကျွန်တော်တို့ လူညီရင် အဲ့လို အဖိုးအဖွား များစွာကို ကယ်တင်နိူင်စွမ်း ရှိပါတယ် – ကျွန်တော်တို့ ညီညွှတ်စွာ ဆန့်ကျင်ရင် လမ်းမထက်က စေခိုင်းခံရသူ ကလေးငယ်တွေ လုံးဝနီးနီး လျော့ကျသွား ပါလိမ့်မယ် ကျွန်တော်တို့အတွေးအမြင်တွေ မဖြစ်မနေကို တူညီရပါမယ်..

အဲ့ဒါဘာလဲဆိုရင် လမ်းမထက် ကလေးနဲ့တောင်းရမ်းတာကို ဝိုင်းဝန်းနှိမ်နင်းပါ ဘယ်အခြေအနေပဲရောက်ရောက် ကလေးဗန်းပြ တောင်းရမ်းနေတာမြင်ရင် မတရားသဖြင့် အဖိုးအဖွားတွေကို စေခိုင်းတာ တွေ့ရင် နီးစပ်ရာ ရပ်ကွက်ရုံး ရဲစခန်းကို တိုင်တန်းပါ ဒီလို လူမဆန်မှုမျိုး လက်မခံကြောင်း လူစုပြီး ဝိုင်းဖမ်းပါ – ရဲ လက်အပ်ပါ အဲ့ဒါဆို နောက်ကွယ်က ခိုင်းစေသူတွေ မလုပ်ရဲတော့ပါဘူး..

သူတို့လုပ်ခွင့်သာ တယ်ဆိုတာက ကျွန်တော်တို့ပြည်သူတွေ လက်ခံနေလို့ပါ – ပြည်သူတွေ လက်မခံဘူး ဆိုတာ သိလာတဲ့နေ့သူတို့လဲ နေရာမရှိ ​တော့ပါဘူး တကယ့်ကို လိုအပ်နေတဲ့ကလေး လိုအပ်နေတဲ့ အဖိုးအဖွားရှိနေရင်လဲ အပြန်အလှန် သတင်းတွေ ဖလှယ်ပြီး စုပေါင်း လှူ ဒါန်းပေးကြပါစို့ခင်ဗျာ…

ဘဝများစွာ မိသားစုများစွာ ငြိမ်းချမ်းသာယာ ရှိကြပါစေ.. (Babyphoe Zaw)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page