နေပူထဲမှာ စပါးတွဲလေးတွေ ရောင်းနေရတဲ့ အသက် (၇၀) ကျော် အဘိုးကိုမှ လုပ်ရက်ကြတယ်

သူခိုးရယ်… မင်းလုပ်လိုက်တာ အသက်(၇၀)ကျော်ကွ

အပြင်သွားရင်း… အဖိုးတယောက် နေပူတည်း ထိုင်ပြီ စက်ဘီးလေး လုပ်နေတာမြင်တော့ ကားရပ်ပြီ…..

အဖိုး ဘာဖြစ်လို့လဲ ??

စက်ဘီးလေး နင်းလို့ရမလား ထပ်လုပ်ကြည့်နေတာပါ

ဘာဖြစ်သွားလို့လဲ အဖိုး??

တနေ့က…အဖိုး စပါးတွဲလေး ရောင်းပြီ အပြန်… အဖိုးကို စောင့်တွန်းပြီ ဝိုင်းလုတာ… စက်ဘီးက နင်းမရတော့ဘူး…

ရောင်းရတဲ့ ပိုက်ဆံတွေရယ်… ပိုလှူကြတဲ့ ပိုက်ဆံတွေပါအကုန်ယူသွားတယ်

လူကော ဘာဖြစ်သွားသေးလဲ အဖိုး ??

လူကတော့… သူတို့ စောင့်တွန်းလိုက်တော့ ပြုတ်ကျပြီ လက်တွေ ခြေထောက်တွေ ပွန်းပဲ့သွားတယ်..

တော်သေးတယ် အဖိုးရယ်… ကြီးကြီးမားမား မဖြစ်လိုက်တာ …ခုကော ဒီအထုပ်ကြီးက ဘာကြီးလဲ??

စပါးတွဲတွေပါ သား… ရောင်းဖို့ စက်ဘီးတွန်းနေရင်း… နေပူတော့ နင်းလို့ရမလားဆိုပြီ ထပ်လုပ်ကြည့်တာ

ဒီစပါးတွဲ တထုပ်လုံး ဘယ်လောက်လဲ အဖိုး??

(၁)သောင်းပဲ ပေးပါ သား… အဖိုး နေအရမ်းပူတော့ စက်ဘီးလေး ပြင်ချင်လို့ပါ

ဟုတ် အဖိုး… ရော့ (100,000) Ks

ပိုက်ဆံတွေက အရမ်းများလိုက်တာ သားရယ်

ဟုတ် အဖိုး… စပါးတွဲဖိုးကော… စက်ဘီးလေးလဲ ပြင်လိုက်နော်…

ကျေးဇူးတင်ပါတယ် သားရယ်… အိမ်က အဖွားကြီးသိရင်လဲ အရမ်းဝမ်းသာနေမှာ… အဖိုး ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူး

ရပါတယ် အဖိုး… နေအရမ်းပူတယ်နော်… ဂရုစိုက်ပြီ ပြန်တော့နော်

(စက်ဘီးလေး တွန်းပြီ… ဖြေးဖြေးလေး သွားရှာတယ်… ခြေထောက်လဲ နာနေတဲ့ပုံပါပဲ)

အော်… သူခိုး ဓားပြရယ်… မင်းကတော့ တခဏ အဆင်ပြေဖို့… အသက်အရွယ်မကြည့်ပေမဲ့… ခံလိုက်ရတဲ့ အဖိုးအတွက်ကျ ဒုက္ခတွေကို ပင်လယ်ဝေနေရောကွ… မင်း ကံကောင်းပါစေကွာ..

(ကိုပူတူး)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page