ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်း ၇၀ ကျော် ကိုဗစ်ကူးစက်ခံရခြင်းနဲ့ အဆိုးထဲက အကောင်း
ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်း ၇၀ ကျော် ကိုဗစ်ကူးစက်ခံရခြင်းနဲ့ အဆိုးထဲက အကောင်း
ဆေးရုံကြီးမှာ ဆရာဝန် နာစ့် အယောက် ၇၀ လောက် P ထွက်သွားလို့တဲ့ ဟ အဲ့ဒါ ဝမ်းသာစရာဟ အဲ့လိုပြောရင် ဝိုင်းဆဲကြအုံးမယ်
စဉ်းစားကြည့်။ သူတို့ N ဖြစ်သွားပြီဆိုရင် ..ကိုယ်ခံအား Immune ရပြီးသား medical force ကြီးရပြီ Mask လဲ မလိုတော့ဘူး PPE လဲ မလိုတော့ဘူး လက်ဆေးပြီးကုရုံပဲ Positive လူနာတွေနဲ့ contact ရှိသွားလဲ Q ထည့်စရာမလိုတော့ဘူး သူတို့ကနေ လူနာကိုလဲမကူးနိုင်တော့ဘူး သူတို့ကိုယ်တိုင်လဲ ဘယ်တော့ကူးမလဲဆိုတဲ့ psycho မရှိတော့ဘူး
Herd Immunity ရဲ့ သဘောတရားအရ သူတို့ဟာ ကွင်းဆက်ဖြတ်ပေးတဲ့အဖွဲ့ဖြစ်သွားပြီ သူတို့သေကုန်ရင် ဘယ်လိုလုပ်မလဲဆိုမေးကြအုံးမယ် စောင့်ကြည့်လိုက်ပါ။ ၇၀ ထဲမှာ တစ်ယောက် နှစ်ယောက်သေရင် တော်တော်ကံဆိုးလို့ပဲ။ မဖျားတောင်မဖျားဖို့များတယ်။
အမှန်ကတော့ ဆရာဝန်တို့သူနာပြုတို့ဆိုတဲ့ profession လုပ်ကတည်းက အချိန်မရွေး ရောဂါပေါင်းစုံကူးပြီး သေနိုင်တယ်ဆိုတာ သဘောပေါက်ထားပြီးသား။ Occupational Hazard ဆိုတာ လုပ်ငန်းတိုင်းမှာရှိတာကိုး။ အခုတော့ဖြစ်တဲ့သူတွေကို Q လဲ မထည့်နိုင်တော့ဘူး ကြားတယ်။ ထည့်ရင်လဲ ဆေးရုံကြီးပိတ်ထားရဖို့ပဲရှိတယ် နဂိုကတည်းက အဲ့လိုလုပ်ပါပြောနေတာ နားမှမထောင်တာ ခုတော့လုပ်ရပြီ၊ ပြေးမလွတ်ပါဘူးဆို
ဒေါက်တာကျော်ကျော်စိုင်း