မြန်မာပြည်ရဲ့ ပထမဆုံး အဆင့်မြင့် တက္ကသိုလ်ကြီး နေပြည်တော်မှာ စတင်ဖွင့်ပြီ
အဆင့်မြင့်တက္ကသိုလ်တစ်ခုဖြစ်တဲ့ Naypyitaw State Academy ကို နိုဝင်ဘာ ၉ ရက်က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ နစကဥက္ကဋ္ဌကြီး တက်ရောက်ပြီး အမှာစကားပြောကြားခဲ့တာကိုလည်း တွေ့ရပါတယ်။
Naypyitaw State Academy ကို ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ နေပြည်တော်ကို ပညာရေးမြို့တော် ဖြစ်လာစေဖို့နဲ့ နေပြည်တော်မှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေရဲ့သားသမီးတွေ၊ နေပြည်တော်ရှစ် မြို့နယ်က ဒေသခံပြည်သူတွေရဲ့သားသမီးတွေ အဆင့်မြင့်ပညာရပ်တွေကို ရွေးချယ်သင်ယူနိုင်စေဖို့ဖြစ်တယ်လို့ နစကဥက္ကဋ္ဌကြီးက ပြောကြားခဲ့ပါတယ်။
Naypyitaw State Academy အား အရည်အသွေးမြင့်သည့် သင်ကြားသင်ယူမှုနည်းစနစ်များ၊ နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်းများ၊ ခေတ်မီ သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ ခေတ်မီစာကြည့်တိုက်များစသည့် လိုအပ်သော Facilities များ အပြည့်အစုံဖြည့်ဆည်းထားသည်ဟု နစကဥက္ကဋ္ဌကြီးက ပြောကြားခဲ့သည်။
ဒါ့အပြင် ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို အခြေခံတဲ့ သင်ကြားသင်ယူမှုကို အလေးထားအားပေးပြီး အသုံးချ သုတေသနတွေနဲ့ နိုင်ငံတော်ရဲ့လူမှုစီးပွားဘဝ မြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မယ့် ပညာရှင်တွေမွေးထုတ်ပေး ရာဦးဆောင်တက္ကသိုလ် ဖြစ်လာစေရေးအတွက် ဦးတည်ချက်ထား ကြိုးပမ်းသွားရမယ်လို့လည်း မှာကြားခဲ့ပါတယ်။
Naypyitaw State Academy ကို ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့လို နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခု ဖြစ်လာစေဖို့ရည်ရွယ်ပြီး ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပြီး မဟာဌာနကြီးတွေပါ ဖွဲ့စည်းကျင့်သုံးထားတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။
Naypyitaw State Academy မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကစပြီး တတိယနှစ်သင်တန်းတွေကို စတင်ဖွင့်လှစ် သွားမှာဖြစ်ပြီး သင်တန်းနှစ်တွေကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်သလို မဟာတန်းတွေ၊ ပါရဂူတန်း တွေအထိ ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့လည်း ဥက္ကဋ္ဌကြီးက ပြောကြားခဲ့ပါသေးတယ်။
ထို့ပြင် နေပြည်တော်၌ မကြာမီအချိန်အတွင်း နည်းပညာတက္ကသိုလ်အဆင့်တိုးမြှင့်မည့် တက္ကသိုလ်တစ်ခုပေါ်ထွက်လာမည်ဖြစ်၍ ပညာရေးမြို့တော်အဖြစ် လမ်းခင်းနေပြီဖြစ်ဟု ပြောကြားခဲ့သည်။