အတိတ်ကံကြောင့်လား အဆောင်ကြောင့်လား အသက်ဘေးကနေ ထူးဆန်းစွာ လွတ်လာခဲ့တဲ့သူ

ယာဥ်တိုက်မှုကြောင့် ရစရာမရှိအောင်ပြားချပ်သွားတဲ့ ကားထဲမှာ ယာဉ်မောင်းသူဟာ အနည်းငယ် ထိခိုက်ပွန်းရှယုံလေးသာ ဒဏ်ရာရရှိခဲ့ (ဘာ့ကြောင့်ကံကောင်းခဲ့တာလဲ?)

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန့်ဘွန့်မြို့နယ် နောင်အိလွန်းကျေးရွာအုပ်စုအနီးက အမှတ် ၃၄၄ အဝေးပြေးလမ်းမ ကီလိုမီတာတိုင် ၂၅ မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ ၁၈:၀၀ ချိန် မိုးရွားသွန်းထားခြင်းကြောင့် တိုယိုတာဗီဂို အနက်ရောင် ယာဉ်အမှတ် ၆၇၄ ဟာလမ်းချော်ပြီး သစ်ပင်ကိုဝင်ဆောင့်မိပြီး ကားမှာ ပြားချပ်ကာ သစ်ပင်ကညှပ်ထားသလို ရစရာမရှိအောင် အခြေအနေက အတော်ဆိုးရွားခဲ့ပါတယ် ။

ဒါပေမယ့်အံ့ဩစရာကောင်းတာကတော့ အသက် ၃၈ နှစ်အရွယ် ယာဉ်မောင်း ‘နိုင်အထိတယား’ ဆိုသူမှာ သူ့ခန္ဓာကိုယ်အနှံ့ ဘာထိခိုက်ဒဏ်ရာမှ မရရှိဘဲ အသေးအမွှား ပွန်းရှယုံဘဲ ရှိခဲ့ပါတယ်။ ရဲစစ်ချက်အရ သူဟာ သူငယ်ချင်းဖြစ်သူထံမှ ပြန်လာခဲ့စဉ် မိုးရွားသွန်းနေလို့ သတိထားမောင်းနှင်ခဲ့စဉ် ရုတ်တရက် လမ်းချော်ကာ လမ်းဘေးက ပထမ သစ်ပင်ကို ဝင်ဆောင့်မိခဲ့တယ် ၊ သစ်ပင်ဟာကျိုးပြီးနောက်ထပ် ဒုတိယသစ်ပင်ကို ထပ်မံဆောင့်မိပြန်တယ် ။

ကားကတော့မြင်တဲ့ အတိုင်းပါပါဘဲ ၊ ကျွန်တော် ကုန်းကုန်းကွကွနဲ့ ကားထဲက ရအောင်ထွက်လာပြီး သက်ဆိုင်ရာကို အကြောင်းခဲ့ပါတယ် ။ “ကျွန်တော်ဘာ့ကြောင့်သေဘေးက လွတ်ခဲ့သလဲမေးရင်တော့ ကျွန်တော့ လည်ပင်းမှာဆွဲထားတဲ့ “ လုံဖော့ခွန်း “ ဆရာတော်ပုံတော် ကြေးပြားလေးနဲ့ ကားထဲမှ ာချိတ်ထားတဲ့ “ လူံပူထွက် “ဆရာတော်တို့ရဲ့ တန်ခိုးတော်ကြောင့်ဘဲ “ ဖြစ်မယ်လို့ ပြောပြခဲ့ပါတယ် ။ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ရဲတပ်ဖွဲ့က ကျွန်တော့ကိုကြည့်ပြီး လုံးဝမယုံနိုင်အောင်ဖြစ်နေကြပါတယ်။

ထူးခြားအံ့ဩစရာလို့ဆိုရမလား ? သေနေ့မစေ့လို့လား ? သံဃာကိုကြည်ညို သက်ဝင်ယုံကြည်ကိုးကွယ်တဲ့ စိတ်ကြောင့်လား ? ဆိုတာတော့ မဝေခွဲတတ်တော့ပါဘူး ဗျာ။ မိုးရွာနေတဲ့အချိန် မည်သူမဆို ကားမောင်းကြရင် အထူးသတိထားတတ်ကြဘို့လိုပါတယ် ၊ ဘာဖြစ်လို့လည်းဆိုတော့ လူတိုင်းကျွန်တော့်လို အမြဲကံမကောင်းနိုင်ကြပါဘူး။ လို့ဆိုပါတယ်။

တကယ်လည်း ထိုသူသည် ကံကောင်းလွန်းလှပါသည် ၊ ဒီအနေအထားမျိုးကတော့ ဘယ်လိုမှ သေဘေးကနေလွတ်လာဘို့ဆိုတာ မလွယ်ပါဘူးခင်ဗျာ.. ခုတော့ ထိခိုက်ဖူးရောင်တဲ့ ဒဏ်ရာလေးတွေကို “ ကျားပရုပ်ဆီ လေးလူးလိုက်ယုံနဲ့ သက်သာပျောက်ကင်းနိုင်မယ့် အနေအထားမျိုးမို့ ကံကောင်းလှပါသည် ဗျာ..

SiThuMaung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page