လာမည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝှမ်း မိုးကြီးမည် (ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဂရုပြုရန်လို)

လာမည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝှမ်း မိုးကြီးမည် (ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဂရုပြုရန်လို)

အပူပိုင်းမုန်တိုင်း နို ကြောင့် မြန်မာနိုင်ငံတွင်မိုးကြီးမည်ဖြစ်၍ ဝန်ကြီးဌာနမှ ၎င်းအောက်ရှိ ဦးစီးဌာနများကို သတိပေးစာထုတ်ပြန်ထားကြောင်းသိရပါတယ်။

စက်တင်ဘာ ၁၆ရက် ရက်စွဲဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၎င်းဝန်ကြီးဌာနအောက်ရှိ ရုံးလုပ်ငန်းစဉ်နှင့် ဆည်မြောင်းများကို ဂရုပြုရန် ညွှန်ကြားထားကြောင်း သိရပါတယ်။

အပူပိုင်းမုန်တိုင်း “နိုလ်”(NOUL)သည် အနောက်ဘက်သို့ ရွေ့လျားကာ၊ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ပြီး၊ ၎င်း၏အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်မှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းတို့ကြောင့်လည်းကောင်း၊ (၁၉.၉.၂၀၂၀)မှ (၂၂.၉.၂၀၂၀)ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုး ထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ် နိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မ (၇၇-မီလီမီတာ)နှင့်အထက်၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့ တွင် (၂၄)နာရီအတွင်း မိုးရေချိန်(၁.၅)လက်မ (၃၈-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page