အပူပိုင်းမုန်တိုင်း အရှိန်ကြောင့် တနိုင်ငံလုံး မိုးကြီးမည်၊ သဘာဝဘေးအန္တရာယ်များ သတိထားရန်လို

အပူပိုင်းမုန်တိုင်း အရှိန်ကြောင့် တနိုင်ငံလုံး မိုးကြီးမည်၊ သဘာဝဘေးအန္တရာယ်များ သတိထားရန်လို

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း ငယ်ရဲ့အရှိန်ကြောင့် လာမယ့်နှစ်ရက်အတွင်း မိုးကြီးနိုင်ပြီး သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်လို့ ကြိုတင်သတိပြု နေထိုင်ကြဖို့ မိုးဇလက သတိပေးလိုက်ပါတယ်။

အဲဒီအပူပိုင်းမုန်တိုင်းဟာ ဒီကနေ့ ညပိုင်းမှာ ဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေကို ရောက်နိုင်ပြီး ထိုင်းနိုင်ငံ တောင်ပိုင်းနဲ့မြန်မာနိုင်ငံတောင်ပိုင်းကို လေဖိအားနည်း ရပ်ဝန်းအဖြစ် ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလက ဆိုထားတာပါ။

မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် အောက်တိုဘာလ ၈ ရက်ကနေ ၁၁ ရက်အထိ ဒေသအလိုက်မိုးကြီးတာ ၊ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းဒေသတွေမှာ လှိုင်းကြီးနိုင်ပါတယ်။

ဒါအပြင် မိုးသည်းတာနဲ့အတူ လေပြင်းတိုက်တာ ၊လျှပ်တပြက်ရေကြီးတာ ၊မြေပြိုတာတွေဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီနေသူတွေ ဟာ မြေပြိုမှုအန္တရာယ် ၊ မြစ်ငယ် ၊ချောင်းငယ်တွေအနီးမှာ နေသူတွေဟာရေကြီးတာ ၊ရေလျံတာတွေဖြစ်နိုင်လို့ သတိပြုကြဖို့မိုးဇလက အသိပေးထားတာကို တွေ့ရပါတယ်။

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page