အပူချိန် မြင့်မားလာခြင်းနှင့် မြွေအန္တရာယ်

အပူချိန်မြင့်မားလာခြင်းနှင့် မြွေအန္တရာယ်..

ရာသီဥတုကလည်း ပူလာတော့ မြွေတွေလည်း အထွက်များလာမှာပါ။ ပူနွေးတဲ့ရာသီမှာ မြွေတွေရဲ့အစာဖြစ်တဲ့ သားကောင်တွေလည်း ပိုထွက်လာနိုင်တဲ့အတွက် အစာရှာဖို့၊ အစာချေဖို့ ၊ မိတ်လိုက်ဖို့၊ ဥဥဖို့ ပူနွေးတဲ့ရာသီမှာ ပိုမိုပြီးထွက်လာတတ်ကြပါတယ်။ ဒါပေမယ့်လည်း အပူချိန်အရမ်းလွန်ကဲနေရင် အပူရှပ် ရေဓာတ်ခမ်းခြောက်သေဆုံးနိုင်တဲ့အတွက် အမိုးအကာတွေအောက်မှာ ပုံးခိုနေနိုင်ပါတယ်။ အိမ်အောက်/မြေအောက် / ကျောက်တုံးအောက် အပြင် အကာကွယ် ယူနိုင်တဲ့နေရာတွေအကုန်လုံးမှာ ပုံးအောင်းနေနိုင်တဲ့အတွက် သတိထားဖို့လိုအပ်ပါတယ်။

မနေ့က Snakes of Myammar group မှာ ငန်းတော်ကျား ကိုက်ခံရတဲ့ post ပါ တက်လာပါတယ်။ ပုံမှန်အားဖြင့်ငန်းတော်ကျားကိုက်တာ မရှိသလောက်နည်းပါတယ်။ ငန်းတော်ကျားတွေက ညဖက်မှ အစာရှာထွက်တတ်တဲ့ မြွေအမျိုးအစားဖြစ်ပြီး အနေအေးပါတယ်။ ညဖက် “တက်နင်းမိလို့ အကိုက်ခံရတာဖြစ်ပါတယ်”

အဲ့တော့ ကိုယ့်လူတွေအနေနဲ့ မြွေတွေနဲ့ ထိပ်တိုက်ထိတွေ့တာမျိုးမဖြစ်ရအောင်..

၁။ ညအချိန်မှာ အပြင်ထွက်ရင် အလင်းအားကောင်းတဲ့ လက်နှိပ်ဓာတ်မီး ဆောင်သွားပါ။

၂။ ညဖက် ကိုယ်ခြေမချခင်နေရာကို အရင်စစ်ဆေးပါ။

၃။ ညဖက်အိပ်ရင် ခြင်ထောင်နဲ့အိပ်ပါ အနားတွေကိုဖြာအောက်မှာခေါက်ထည့်ထားပါ။

၄။ ယာခင်းထဲသွားရင် မြက်တွေ သစ်ရွက်ခြောက်တွေ စုပြုံနေတဲ့ နေရာကိုရှောင်သွားပါ။

၅။ ခြေမချခင် လက်မချခင် နေရာကိုအရင်သေချာစစ်ဆေးပါ။

၆။ လယ်/ယာထဲသွားရင် ရာဘာ ဖိနပ်စီးဖြစ်အောင်စီးပါ။

၇။ အိမ်ထဲ/ခြံထဲ ကြွက်မရှိအောင် မြွေခိုအောင်းနိုင်တဲ့နေရာမရှိအောင် သန့်ရှင်းသပ်ရပ်အောင်ထားပါ။

အခုကာလမှာ မြွေကိုက်ခံခဲ့ရရင် မြွေ အိုင်ဒီနဲ့ ဆရာဝန်ညွှန်ကြားချက် ရချင်ရင် Group – Snakes of Myanmar မှာ သွားလာရောက်မေးမြန်းနိုင်သလို Page – Myanmar Snakebite Education & Snake Conservation မှာလည်း သွား‌ရောက်မေးမြန်းနိုင်ပါတယ်။

ဆရာဝန်တွေကိုယ်တိုင် ID ခွဲပေးပြီး ညွှန်ကြားချက်ပေးလို့ လူနာ အတွက် အများကြီး အကူအညီဖြစ်မှာပါ။

မှတ်ချက် – ငန်းတော်ကျားကိုက်ခံရရင် Ventilator ရှိတဲ့ ဆေးရုံကို အမြန်ရောက်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ငန်းတော်ကျားအဆိပ်ဖြေဆေးသီးသန့်မရှိပါ။ (Snake Of Myanmar)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page