၂၀၂၁ ဧပြီလရောက်ရင် မြန်မာပြည် ကာကွယ်ဆေးထိုးနိုင်မယ်ဆိုတာ တကယ်လား? (ကာကွယ်ဆေးတွေရဲ့ လက်ရှိအခြေအနေ)
၂၀၂၁ ဧပြီလရောက်ရင် မြန်မာပြည် ကာကွယ်ဆေးထိုးနိုင်မယ်ဆိုတာ တကယ်လား? (ကာကွယ်ဆေးတွေရဲ့ လက်ရှိအခြေအနေ)
ကာကွယ်ဆေးသတင်းတွေက အားရစရာကြီး.. COVAX ကနေ ၂၀ % ရမယ်ဆိုတာကြီးကို အရင်ပြောရအောင် COVAX မှာ နိုင်ငံ ၁၈၀ ပါတယ်။ ကာကွယ်ဆေးထွက်လာရင် နိုင်ငံ ၁၈၀ ကို ခွဲတမ်းနဲ့ မျှပေးရမှာ။ လက်ရှိအကြီးဆုံးပြဿနာက COVAX ကိုယ်တိုင်က ဘယ်ကဆေးမှ မဝယ်ရသေးဘူး။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခွင့်ပြချက်ရတဲ့ ကာကွယ်ဆေးမရှိသေးလို့။
လက်ရှိ pfizer ဆေးတွေက နိုင်ငံကြီးတွေက အရေးပေါ်အနေနဲ့ ခွင့်ပြုပြီး အမြန်ထိုးနေတာ။ လုံးဝ စိတ်ချရတဲ့ အဆင့်မရှိသေးဘူး။ မတော်တဆ ကာကွယ်ဆေးထိုးလို့ ပြဿနာ တက်နိုင်သေးတယ် ဆိုတဲ့သဘော။ COVAX ကိုယ်တိုင်က ဘယ်ကဆေးမှ မဝယ်ရသေးဘဲ ၂၀ % ကို ဘယ်လိုသေချာလဲတော့ နားမလည်ဘူးရယ်။
ထားပါတော့ COVAX ကိစ္စ၊ ထွက်နေတဲ့ဆေးတွေကြည့်ရအောင် မြန်မာမျှော်နေတဲ့ ဈေးပေါတဲ့ Oxford Astrazeneca ကိုကြည့်ရအောင်။ အခု ထုတ်လုပ်တာ နှောင့်နှေးနေတယ်တဲ့။ ထပ်ပြီး စမ်းသပ်စစ်ဆေးဖို့ လိုတယ်ဆိုတာလဲ ဝန်ခံထားတယ်။ US FDA က approval လုပ်ဖို့အတွက် လိုတဲ့ သက်သေတွေတောင်းတာ မပေးနိုင်ဘူးတဲ့။
ဥပမာ အရင်စမ်းသပ်တုန်းက ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ အာရုံကြောနဲ့ဆိုင်တဲ့ပြဿနာတွေတက်တာရှိတယ်၊ ဒါမျိုး ပြဿနာ မတက်တော့ပါဘူးဆိုတဲ့ သက်သေမျိုး မပြနိုင်ဘူးတဲ့။ ဒီတော့ ထုတ်လုပ်မှုလဲ မစသေးဘူး၊ စိတ်ချရတယ်ဆိုတာမျိုး မပြောနိုင်တဲ့ အဆင့်ဖြစ်နေသေးတယ်။
Moderna ကတော့ ၂၀၂၁ ထဲမှာ US မှာထားတဲ့ အော်ဒါကိုပဲ ထုတ်နိုင်မယ်တဲ့။ အေးရော ကျန်တဲ့သူ ဘယ်သူမှ မရောင်းနိုင်သေးဘူး လိုချင်ရင် ၂၀၂၂ အစောဆုံးပဲဆိုတဲ့ သဘော။ Pfizer ကတော့ ထုတ်လုပ်မှုဘာညာ မပြောတော့ဘူး။ အနုတ် ၇၀ ဒီဂရီမှာထားရမယ်ဆိုတာနဲ့တင် ကိုယ်တွေနဲ့ ဝေးပြီရယ်။ မဝေးဘူး ဝယ်မယ်ဆိုလဲ ၂၀၂၁ မှာ မရနိုင်ဘူး။ ၂၀၂၂ မှာတောင် ဝယ်ထားပြီးသား တန်းစီဇယားနဲ့ပြည့်နေတယ်လို့ဆိုတယ်။
ရုရှားက Sputnik V ကိုကြည့်မလား၊ ဒီနှစ်ကုန် သန်း ၃၀ ထုတ်နိုင်မယ်ဘာညာနဲ့ အခု ၅ သန်းတောင်မထွက်လို့ သူ့ဟာသူတိုင်ပတ်နေတုန်း။ အားကိုးစရာ တရုတ်ဆေး Sinopharm ပဲကျန်မလားပဲ။ ဒါလဲ ခုထိ မဝယ်ရသေးပါဘူး။ ၂၀၂၁ အကုန်မှာ သန်း ၆၀၀ ဈေးကွက်တင် ရောင်းမယ်ဆိုလား။ ဈေးရောင်းတယ်ဆိုတာ အရင်ဝယ်သူ အရင်ပေးမှာပဲ။ ဝိုင်းလုလို့တောင် လောက်မယ်မထင်ဘူး။
အိန္ဒိယက ဆေး ၁ ဘီလျံထုတ်မယ်ဆိုတာက Astrazeneca က approve ဖြစ်မှဆိုတော့ ထည့်ကိုမတွက်နဲ့အုံး။ ဘယ်နေမှန်း မသိသေးဘူးရယ်။
မြန်မာကဝယ်တာလား။ ခုထိဘယ်မှ မဝယ်ရသေးဘူး၊ ဝယ်ဖို့ စီစဉ်နေပါတယ်လို့ပဲ ပြောသွားတာရယ်။ ပိုက်ဆံထုတ်ကြီးကိုင်ပြီး လိုက်ဝယ်နေတဲ့ အင်ဒိုနီးရှားတို့ ဖိလစ်ပိုင်တို့တောင် လိုချင်သလောက် ဝယ်မရလို့ တိုင်ပတ်နေတယ် ကြားတယ်။ ၂၀ % ရမယ် ၄၀% ရမယ်ဆိုတာကြီး ပြောထားတဲ့သူတွေကို ဘုတ်အုတ်ကြီးနဲ့ မှတ်ထားလိုက်ကြ။
၂၀၂၁ ကုန်ရင် တကယ်လုပ်ခဲ့တာလား လျှောက်ရွှီးခဲ့လားဆိုတာ သိရမယ်။ လော်တဲ့သူတွေပါ မှတ်ထားကြ။ ငရွှီးတွေလားဆိုတာ သိရတာပေါ့။
ဒေါက်တာကျော်ကျော်စိုင်း