ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လက်ရှိအခြေအနေနဲ့ အခုချက်ချင်း ရပ်ပစ်ရမယ့် အဖျားတိုင်း လုပ်ငန်းစဥ်

ဆေးရုံတွေအခြေအနေနဲ့ ဖျားနာကုဆေးခန်း အခြေအနေ အထွေထွေရောဂါကု အခြေအနေ ပြည်သူ့ကျန်းမာဝန်ထမ်းအခြေအနေ

ဆေးရုံရဲ့ ကိုဗစ် သံသယလူနာ ထားနေတာပြည့်ပြီ။ Swabစစ်ဘို့ တိုကင်ယူတာ သောကြာမနက် စနေမနက်ပြည့်ပြီ ဖောင်ကြီးလူမနိုင်လို့ ဆေးရုံက SAS အဖွဲ့တွေစောထွက်ရပါတယ် လူအင်အားလိုလို့ ရခိုင်ကိုလဲဝါ့နဲ့ဆေးရုံကသူနာပြုတွေပေးနေရပါတယ်

ရန်ကုန်မှာလဲ သိရသလောက် တွဲဘက်ပါမောက္ခ အထူးကုဆရာဝန်ကြီးတွေ လက်ထောက်ဆရာဝန် ဘွဲလွန် ဆေးကျောင်းသား သူနာပြု ဓာတ်ခွဲကျွမ်းကျင်တွေ လူနာမှရောဂါကူးစက်ပြီး ဆေးကုနေရပါပြီ

ပင်ပန်းလာရင် ကို့ရဲ့လုပ်ကိုင်နိုင်စွမ်းတွေကျပြီး ရောဂါပိုကူးစေနိုင်ပါတယ် ရန်ကုန်က အလုံးစုံ ပြည်တွင်းကူးစက်မှုကြီး ဖြစ်သွားပါပြီ လူဦးရေ ၇.၆ သန်းပါ ဒီလူဦးရေကြီးမှာ ဘယ်မြို့နယ်က ဘယ်လောက်ဖျားနေလဲသိဘို့မလိုတော့ပါဘူး ဘယ်နှစ်ယောက်ဖျားနေလဲအရေးမကြီးတော့ပါဘူး အများကြီးဖျားနေတဲ့လူတွေ မကြောက်အောင်အားပေး သူတိုကိုစံနစ်တကျ ကုသမူပေးတာဘဲလိုပါတော့တယ်

ကိုဗစ်လူနာတွေ ရှိတဲ့ကျန်းမာရေးစောင့်ရှောက်မူ အဆင့်အလိုက် စနစ်တကျရရေးဘဲ အရေးကြီးပါတယ် ကျမတို့ ဆရာဝန်အပါအဝင် အားလုံးလိုချင်တာက လူထုကူးစက်မူ လျော့ကျလာရေးပါ.ခပ်ခွာခွာနေဖို့ပါ တအိမ်တက်ဆင်းအဖျားတိုင်းတာ စံနစ်တကျမတိုင်းရင် အခုပိုးက ပိုကူးနိုင်သလားမသေချာလို့ ရောဂါရှိသူ မရှိသူ ပိုကူးနေသလိုပါဘဲ

အဖျာတိုင်းဖို့ ကျန်းမာရေးဝန်ထမ်းတွေသုံးရင် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေ တော်တော်ပင်ပန်းနေပါပြီ အုပ်ချုပ်သူ..အာဏာပိုင်သူများ မေတ္တာရပ်ခံပါတယ် ရောဂါကူးစက်နိုင်တဲ့ လုံခြုံရေး ထိခိုက်နိုင်တဲ့ အဖျားရှာဖွေရေးလုပ်ငန်းစဥ်ကြီးကို ဆက်မလုပ်ဖို့ တိုက်တွန်းပါတယ် သဘောတူသူများလဲ အိုဒီယာရေးနိုင်ပါတယ်

မာမာကြည်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page