အိမ်ရှေ့မှာ လာရပ်တဲ့ ကားမှန်သမျှ ရန်ပြုနေတဲ့ တောင်ဥက္ကလာက အဖိုးကြီး ရဲစခန်း ရောက်သွားပြီ

တောင်ဥက္ကလာပမြို့နယ် ၆ ရပ်ကွက် ကုန်းဘောင်လမ်းမပေါ်မှာ ဖြစ်သွားတာပါ။ အခုတခေါက်မှ ဖြစ်တာမဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း အဲ့နားမှာ ကားခဏလောက်လာရပ်တာနဲ့ကို အဝတ်လျှော်တုတ်ကြီးနဲ့ ထွက်ထွက်ရိုက်နေပါတယ်။

သူ့အိမ်ရှေ့ဖြစ်ပေမယ့် လမ်းမကြီးပေါ်မှာ ခဏတဖြုတ်ရပ်မိတာနဲ့ အခုလိုထွက်ထွက်ရိုက်ပါတယ်။ အများဆုံး အရိုက်ခံရတဲ့သူတွေကတော့ delivery လာပို့တဲ့သူနဲ့ taxi သမားလေးတွေပါ။

သူ့အိမ်ပေါက်ဝမှာကို ခုံတလုံးနဲ့ထိုင်စောင့်နေတာပါ တခါတလေ လွတ်သွားတဲ့သူလည်း ရှိလိုက်ပေမယ့် အရိုက်ခံကြရတာကပိုများပါတယ်။ ၆ ရပ်ကွက်၊ ကုန်းဘောင်လမ်းမပေါ်၊ ကောလင်းဘုန်းကြီးကျောင်းဘေးကပ်ရပ်က ပျဉ်ထောင်အိမ်ပါ။

ကျေးဇူးပြုပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတို့မှ ယခုလိုမင်းမဲ့စရိုက်ဆန်စွာပြုမူနေသည်ကို အမြန်ဆုံးလာရောက် ဖြေရှင်းပေးကြပါဦး ခင်ဗျ။ (Bryan Rein)

တောင်ဥက္ကလာ (၆)ရပ်ကွက်ကုန်းဘောင်လမ်း အိမ်ရှေ့မှာလာရပ်တဲ့ ကားမှန်သမျှ တုတ်နဲ့ထွက်ရိုက် အုတ်နီခဲ့နဲ့ထုတဲ့အဖိုးကြီးရဲစခန်းသို့ ရောက်သွားပါပြီ၊ TAXI ဂရု ကဝိုင်းဖမ်းပြီးပို့လိုက်ပါပြီ၊ ခံရသူများ လာရှင်းကြပါရန် နှိုးဆော်ထားကြောင်း သတင်းရ ရှိပါသည်၊ (ဒါကိုလီ)

ဟိုနေ့က အိမ်ရှေ့မှာ ကာရပ်လို့ Taxi ယဥ်မောင်းကို တုတ်နဲ့လိုက်ရိုက်တဲ့ အဘိုးအိုရဲ့ လုပ်ရပ်ကနေ သင်ခန်းစာယူသင့် ပါတယ်။ သူ့ဘာသာသူ ပညာတတ်ဘဲဖြစ်ဖြစ် စိတ်ကျန်းမာရေးကြောင့်ဘဲဖြစ်ဖြစ်အဲဒါက တပိုင်း။

အဲဒီ့မှာဘာသွားတွေ့လဲဆိုတော့ ကားရပ်တဲ့ကိစ္စ ပြည်သူပိုင်လမ်းမပေါ်မှာကားရပ်တာလေ။ ကျွန်တော်တို့ မြို့ပြတွေရဲ့ အိမ်ပိုင်ဆိုင်မှုက ရေမြောင်းနောက်ကထိဘဲ အိမ်ရှင် ပိုင်ပါတယ်။ ရေမြောင်းရဲ့ အပေါ်မှာ အဖုံးလုပ်ပြီး လူသွားစင်္ကြန်အထိ မြေရှင်ကမပိုင်ပါဘူးခင်ဗျာ။

ရေမြောင်းဆိုတာ အိမ်ရှင်ရဲ့ မြေပိုင်ဆိုင်မှုနဲ့ စည်ပင်ရဲ့ပိုင်ဆိုင်မှုကို ခွဲခြားထားတဲ့ စည်းတခုလို့ သတ်မှတ်ထားလို့ ရပါတယ်။ အိမ်မပေါ် အိမ်ရှေ့တွေမှာ ကားရပ်ရင် မကြိုက်ကျဘူး မောင်းလွတ်တယ် နှင်လွတ်တယ် တခုခုရန်ပြု့တုန့်ပြန်တယ် စာတွေကပ်ထားကျတယ် အိမ်ရှေ့နဲ့လမ်းမပေါ် တခုခုချထားကျတယ် နေရာတွေဦးထားကျတယ် အဲဒါတွေကတရားဝင်ပါသလား။

မြို့ပြရဲ့အခြေအနေနဲ့ လူနေထိုင်မှုတွေအရ အထပ်မြင့်တွေပေါလာကျတယ် အဲဒီ့မှာကားပါကင်တွေ ပိုပြီး ရှားလာကျတယ်။ အဲဒါတွေကိုနားလည် သဘောပေါက်ဖို့ လိုပါတယ်။ မိမိတို့ရဲ့အတ္တ မာန တွေကို ခဝါချသင့်နေပါပြီ။ ကားတွေအားလုံးက တရားဝင် အခွန်မျိုးစုံ ဆောင်ထားကျတာပါ။ မိမိတို့ရဲ့စိတ်ဓာတ်တွေပြင်သင့်နေပါပြီ အကြံပြုရင်း

Soe Gyi

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page