အခန်းမှားတာလို၊ အကူညီတောင်းတာလိုနဲ့ တိုက်ခန်းတံခါးတွေ လိုက်ခေါက်နေတဲ့သူ (အထပ်မြင့်နေသူများ ဂရုစိုက်ကြပါ)
အခန်းမှားတာလို၊ အကူညီတောင်းတာလိုနဲ့ တိုက်ခန်းတံခါးတွေ လိုက်ခေါက်နေတဲ့သူ (အထပ်မြင့်နေသူများ ဂရုစိုက်ကြပါ)
ဒီနေ့ပဲအိမ်ကို ဦီးလေးကြီးတစ်ယောက်တံခါးခေါက်တယ် ကိုယ်က ဆွဲဖွင့်လိုက်တော့ သီချင်းသံကြားလို့ခေါက်လိုက်တာတဲ့
ဒီအိမ်မှာယောကျာ်းသားရှိလား သူသေးပေါက်ချင်လို့ပါတဲ့ သူကအိမ်မှာ ကိုယ်တစ်ယောက်ပဲရှိတယ် ထင်ပြီး သေးပေါက်ချင်တယ်ပြောပြီး အိမ်ထဲဝင်မို့ထင်တယ် အဲ့ဒါနဲ့အဒေါ်တွေရော လူအများကြီးထွက်လာတာလည်းတွေ့ရော အော်ဘာမှမဟုတ်ဘူး ယောကျာ်းသားမရှိဘူး ထင်တယိ သေးပေါက်ချင်လို့ သွားတော့မယ်ဆိုပြီး ထွက်သွားတယ်။
အိမ်က လည်းသံဗန်းနဲ့သော့ခတ်ထားလို့ တော်သေးတာပေါ့ သူစကားပြောတန်းလန်းနဲ့ပဲ တံခါးဆွဲပိတ်ပစ်လိုက်တယ်။ အပေါ်ထပ်က ၂ အိမ် ကိုလည်းခေါက်တယ်။ တစ်အိမ်ကိုကျ ညောင်ပင်ခုတ်မလားဆိုပြီး မေးတယ်။
နောက်တစ်အိမ်ကျတော့ ဟိုဘက်တိုက်ကလွှတ်လိုက်တာဆိုပြီး ၂ ခါလာခေါက်လို့ အဲ့အိမ်က အဒေါ်ကြီးက ဝရံတာထွက်ပြီးလှမ်းအော်လို့ အောက်ကလူတွေတက်လာပြီး သူ့ို မေးတော့ အပင်ခုတ်မလား မေးတာပါဆိုပြီးသွားရော၊ ကြောက်လိုက်တာဆိုတာလေ
Aye Nyein Thu