လူတိုင်း စစ်လို့ မရတဲ့ ကိုဗစ် အမြန်စစ်ကိရိယာ (သတ်မှတ်ထားသူသာ စစ်ရပါမယ်)

လူတိုင်း စစ်လို့ မရတဲ့ ကိုဗစ် အမြန်စစ်ကိရိယာ (သတ်မှတ်ထားသူသာ စစ်ရပါမယ်)

ကိုဗစ် ပိုးရှိမရှိစစ်ဆေးနိုင်တဲ့ test kit တွေက လူတိုင်းကို စစ်ဆေးလို့မရပါဘူး ။

ရောဂါလက္ခဏာမပြတဲ့သူတွေကို test kit နဲ့စစ်ဆေးလို့မရပါဘူး ။ အဖြေမှားနိုင်ပါတယ် ။ ခွဲစိတ်ကုသမှုခံယူမယ့်သူတွေ ခွဲပြီးကလေးမွေးမယ့်သူတွေ ထိခိုက်ဒဏ်ရာရလို့ ခွဲစိတ်ကုသမှု ခံယူရမယ်သူတွေကို test kit နဲ့ စစ်လို့မရပါဘူး ။

ကုန်တင်ကားမောင်းသူတွေ ယာဉ်နောက်လိုက်တွေကို test kit နဲ့စစ်ရင် အဖြေမှားတွေ ထွက်နိုင်ပါတယ် ။ ရောဂါလက္ခဏာပြတဲ့သူတွေကိုသာ test kit နဲ့စစ်ဆေးနိုင်ပါတယ် ။ ရောဂါလက္ခဏာပြသော်လည်း test kit နှင့်စစ်လို့ negative ပြရင် နောက်တစ်ကြိမ်ထပ်မံစစ်ဆေးသင့်တယ် နှစ်ကြိမ် negative ပြပေမယ့် ရောဂါလက္ခဏာရှိနေရင် PCR နှင့်စစ်ရမယ် ။

ဆုံးဖြတ်ချက်ကို ကုသပေးနေသော အထူးကုသမားတော်ဆရာဝန်ကြီးက ချမှတ်ပြီးကုပေးမှာဖြစ်ပါတယ် ။ test kit (rapid antigen diagnostic test ) အကြောင်းကို ဒေါကိတာဌေးဌေးတင် (ဒု- ညွှန်ချုပ် (၁) အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန) က ပြောကြားသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page