အမြင့်ကားများ ကျပ်သိန်းရာဂဏန်းအထိ ဈေးကျ၊ အနိမ့်ကားများ စျေးလျော့ရောင်းနေ

ပြည်တွင်းကားရောင်းဝယ်ရေး ဈေးကွက်အတွင်း ကျပ်သိန်းတစ်ထောင်အထက်အမြင့်ကားများ အရောင်းအဝယ်အေးပြီး ကျပ်သိန်းရာဂဏန်းအထိ ဈေးနှုန်းကျဆင်းလျက်ရှိတယ်လို့ ကားဈေးကွက်မှ သိရပါတယ်။

ပွဲတော်ရက်ကာလဖြစ်နေခြင်းနဲ့ ကားဈေးကွက်အတွင်း လျှပ်စစ်ကားများကျပ်သိန်း ၈၀၀၊ ၁၀၀၀ ဝန်းကျင်ဈေးနဲ့ ဝင်ရောက်လာနိုင်ခြင်းတို့ကြောင့် အမြင့်ကားများအရောင်းအဝယ် သိသိသာသာ အေးသွားပါတယ်။ ယခင်ကျပ် သိန်း ၁၅၀၀ ဈေးခေါ်ရောင်းနေတဲ့အမြင့်ကားတွေက ကျပ်သိန်းရာဂဏန်းအထိ ဈေးကျဆင်းပြီး ကျပ်သိန်း ၁၃၀၀ နဲ့ အရောင်းအဝယ်လုပ်လာကြတယ်လို့ ကားရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးချစ်တိုးက ပြောပါတယ်။

အပေါ်ကားတွေအပြင် ကျပ်သိန်း ၅၀၀ အောက်ကားတွေလည်း ဈေးနှုန်းကျဆင်းလျက်ရှိပြီး အရောင်းအဝယ်လုပ်တဲ့အချိန်မှာ အနိမ့်ဆုံးကျပ်သိန်း ၃၀ မှ အမြင့်ဆုံးကျပ်သိန်း ၅၀ အထိ ဈေးလျှော့ချပြီး ရောင်းကြရတယ်လို့ဆိုပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ဘာလေးဘာ လထဲကို ရောက်နေတာကြောင့် ကားဈေး ကွက်အရောင်းအဝယ်အေးနိုင်ပြီး ကားမူဝါဒအပြောင်းအလဲဖြစ်မှသာ ဈေးကွက်ပြန်လှုပ်နိုင်တယ်လို့ ဆိုနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page