ကိုဗစ် ကင်းရှင်းကြောင်း ထောက်ခံစာပါမှ အမြန်လမ်းပေါ် သွားလို့ ရမည် (မပါလျှင် တထိုင်ထဲ စစ်ပေးမည်)

ကိုဗစ် ကင်းရှင်းကြောင်း ထောက်ခံစာပါမှ အမြန်လမ်းပေါ် သွားလို့ ရမည် (မပါလျှင် တထိုင်ထဲ စစ်ပေးမည်)

မနက်ဖြန် မနက် ၆ နာရီက စပီး ရန်ကုန်တိုင်းကနေ အမြန်လမ်းအတိုင်းခရီးသွားမယ့်သူတွေကို မိုင်တိုင် (0/5) နဲ့ (0/6) ကြားမှာ စစ်ဆေးရေး စခန်းဖွင့်ပီး စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

ထောက်ခံစာပါလာရင် ဖြတ်သန်းခွင့်ရမှာဖြစ်ပီး မပါလာရင်တော့ ကျန်းမာရေးဝန်ထမ်းတွေက စစ်ဆေးမှာဖြစ်ပါတယ်။ ကိုဗစ် ကင်းစင်ကြောင်း စစ်ဆေးတွေ့ရှိရရင် ထောက်ခံချက်ထုတ်ပေးမှာဖြစ်ပီး ခရီးသွားလာခွင့်ရမှာဖြစ်ပါတယ်။

ကုန်တင်ကားတွေ၊ ခရီးသည်တင်ကားတွေနဲ့ အိမ်စီးကားတွေ အားလုံးကို စစ်ဆေးပီး ဖြတ်သန်းခွင့်ပြုမှာ ဖြစ်ပါတယ်။ ယာဉ်ပေါ်ပါ လူအားလုံးကို စစ်ဆေးမှာဖြစ်ပါတယ်။ (Nay Thway)

ရန်ကုန်-မန္တလေးအမြန်လမ်း ခရီးသွားမယ့်လူတွေ ကိုဗစ်ကင်းရှင်းကြောင်းထောက်ခံစာပါမှ ဆက်လက်သွားခွင့်ပြုမယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူး ရုံးကနေသိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့အစီအမံနဲ့ စက်တင်ဘာ ၁၃ရက် မနက်ဖြန် မနက် ၆နာရီကနေ စတင်မှာပါ။

ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်းက အမြန်လမ်းမကြီးပေါ် တက်ရောက်မယ့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်၊ အိမ်စီးကိုယ်ပိုင်ယာဉ်တွေကို စစ်ဆေးသွားမှာပါ။ ယာဉ်မောင်း ၊ ယာဉ်နောက်လိုက် နဲ့ ယာဉ်ပေါ်ပါလာသူတွေ အားလုံးကို ကိုဗစ်ပိုးမရှိကြောင်း ထောက်ခံစာပါမှ ဆက်လက်သွားလာစေမှာလို့သိရပါတယ်။

ထောက်ခံစာမပါတဲ့သူတွေအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စစ်ဆေးမှုကိုခံယူရမှာဖြစ်ပြီး ကိုဗစ်မရှိကြောင်းတွေ့ရှိရမှ ထောက်ခံစာပေးပြီး ဆက်လက်သွားလာစေမှာဖြစ်ပါတယ်။ အမြန်လမ်းမကြီး မိုင်တိုင် (ဝ/၅)နဲ့ (ဝ/၆) ကြားမှာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page