ဆေးရုံက ထွက်ပြေးတဲ့ ပိုးတွေ့အမွှေစိန်လူနာကြောင့် ဒုက္ခရောက်သွားကြသူများ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်စံပြဆေးရုံမှ ထွက်ပြေးသွားသည့် ကိုဗစ် Positive လူနာ မိန်းကလေးကို ပြန်လည်တွေ့ရှိ ခဲ့ကြောင်း သိရပါတယ်။

အဆိုပါလူနာမှာ မေတ္တာညွှန့်ရပ်ကွက်၊ ဇာတိဂုဏ်လမ်းနေ အမျိုးသမီးဖြစ်ပြီး (စက်တင်ဘာ ၁၈) မွန်းလွဲပိုင်းက စံ​ပြဆေးရုံမှ ကိုဗစ်လူနာများထားရှိသည့် ‌ ဖောင်ကြီး Quarantine ကုသရေးစင်တာသို့ ပို့ဆောင်မည်လုပ်နေစဉ် ရှူးရှူးပေါက်သွားမယ်ဆိုပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးခဲ့သည့် ကိုဗစ် Positive လူနာအမျိုးသမီးကို သက်ဆိုင်ရာတာ၀န်ရှိသူများက အပူတပြင်းရှာဖွေခဲ့ရာ ည ၇ နာရီအချိန်တွင် ၉ မိုင် Ocean ရှေ့မှ ပြန်လည်တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

“ကျွန်တော်တို့အခု မိန်းကလေးကိုခေါ်ပြီး စံပြဆေးရုံကို ပြန်ပို့မှာပါ။ ကျွန်တော်တို့ဆီဖုန်းဝင်လာတော့ အဲဒီညီမလေးကို သူရှိတဲ့နေရာမှာပဲ စောင့်နေ အခုချက်ချင်းလာမယ်ဆိုပြီးသွားခေါ်ခဲ့တာ။ ရောက်တော့ သူ့ကောင်လေးလို့တော့ထင်ရတယ်။ နှစ်ယောက်သားအတူရှိနေတာ။ ကောင်လေးလည်း ရောဂါတော့ကူးလောက်ပြီ။ ဘာလို့လဲဆို ကောင်မလေးက Mask လည်း မတပ်ထားဘူး။ နှစ်ယောက်သား နီးနီးကပ်ကပ်လည်းရှိနေတာ” လို့ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ပုလဲမီးသတ်တပ်ဖွဲ့တာဝန်ခံ ကိုထင်လင်းအောင်က ပြောပါတယ်။

ထွက်ပြေးခဲ့တဲ့ ကိုဗစ်လူနာ ငှားစီးခဲ့တဲ့ taxi သမားမှာလဲ ကိုဗစ်ကူးမကူးအတွက် စိုးရိမ်ရပါတယ်။ သူစီးသွားတဲ့တက္ကစီဆရာက အမေအသက် ၈၀ ကျော် လေဖြတ်နေတာရယ် ကိုယ်ဝန်နဲ့မိန်းမရယ် သားသမီး ၂ ယောက်ရယ် နဲ့ အိမ်ပြန်ရောက် တူတူထမင်းစားနေကြပြီတဲ့။ သူ့မိသားစု Q ဝင်ရမယ် သူ့အမေလေဖြတ်နေတာဘယ်လိုသယ် ဘယ်လိုပြုစုမလည်း စာနာပေးပါဆိုရင် သူသာလူစိတ်ရှိခဲ့ရင် ထွက်ပြေးစရာလည်းမလိုဘူး။ ဆေးရုံလိုက်သွားရင်ရပြီ ခုဘေးတဘက်သားမိသားစုထိပြီ..

သူဆင်းသွားတော့ တခြားလူတင်သေးတာတဲ့ အဲတင်တဲ့လူက မင်းတို့မိသားစုဝင်တယောက်ယောက်သာဖြစ်ခဲ့ရင်ရော ကိုချင်းစာပြီး ဆင်ခြင်ကြပါ။ သူထွက်ပြေးလို့သွားတွေ့တာသူ့ရီးစားတဲ့။ သူ့ကြောင်မိသားစုကိုလုပ်ကျွေးနေတဲ့လူတစ်ယောက် နစ်နာခဲ့ရပါပြီ။ စာဖတ်သူတို့လဲ ကိုဗစ်ကာလမှာ ကျန်းမာရေးဂရုစိုက်ကြပါအုံး။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page