ကိုဗစ်ကို ပေါ့ဆမိလို့ လူနာတင်ကားပေါ်မှာတင် အသက်ဆုံးခဲ့ရတဲ့သူ အကြောင်း ပြောပြတဲ့ ဒေါက်တာခင်ခင်ကြီး

ကိုဗစ်ကို ပေါ့ဆမိလို့ လူနာတင်ကားပေါ်မှာတင် အသက်ဆုံးခဲ့ရတဲ့ သူငယ်ချင်းဖြစ်သူ အကြောင်း ပြောပြတဲ့ ဒေါက်တာခင်ခင်ကြီး

ကိုဗစ်နဲ့ပတ်သက်လို့ ဒီရက်ပိုင်းစိတ်တွေမလန်းဘူး စိတ်ထဲဝမ်းနည်းမိတာက ပြီးခဲ့တဲ့အပတ်က မူလတန်းကတည်းကငယ်သူငယ်ချင်း ဆယ်တန်းအောင်ပြီး ကျောင်းတွေပိတ်တုန်းလဲ သင်တန်းမျိုးစုံအတူတူတက်ခဲ့တဲ့သူငယ်ချင်း ကိုဗစ်ကြောင့် သေဆုံးရတယ် ဘာလို့လဲ

အိမ်မှာသူ့အဖေကစဖျားတယ် ချောင်းဆိုးတယ် ညီမလုပ်သူက ဆေးရုံပို့မယ်လို့ပြောတယ် သူကဆေးရုံမှာလဲ လူတွေမနိုင်ဘူး ကျပ်ညှပ်နေတာပဲ ရောဂါကသိပ်မဆိုးပါဘူးဆိုပြီး ပေါ့တွက်မိတယ် အိမ်မှာပဲထားတယ် နောက်ရက်သူပါ ဖျားလာတယ် ချောင်းဆိုးလာတယ် နောက်တခြားသူတွေက သိသွားတော့ မဖြစ်ဘူး ဆေးရုံပို့မှဆိုပြီး လုပ်ကြတယ် ဆေးရုံကားပေါ်မှာ သူနောက်ဆုံးပြောသွားတာက ငါကိုဗစ်ဖြစ်ပြီထင်တယ်ဆိုတဲ့ စကားပဲ အင်းစိန်ဆေးရုံမရောက်ခင် ကားပေါ်မှာပဲ အသက်ဆုံးပါတယ် တကယ့်ကို နှမျောစရာဖြစ်ပါတယ် သေပြီးမှ ဓာတ်ခွဲ နမူနာယူပြီး စစ်ရတာ positive ထွက်ပါတယ်

သူ့အဖေကကျတော့ အင်းစိန်ဆေးရုံမှာ ပြည့်နေလို့ မြောက်ဥက္ကလာပဆေးရုံကို ပို့ပါတယ် သူ့သမီးအငယ်နဲ့အတူပါ ရောက်ရောက်ချင်း အတော့်ကို ဆိုးပါတယ် အသက်ကလဲ ၇၇ နဂိုရောဂါအခံတွေကလဲရှိတော့ အတော့်ကို ကုသခဲ့ရပါတယ် ဓာတ်ခွဲနမူနာယူတော့လဲ သူလဲ positive ဖြစ်ပါတယ် ခုတော့ ကုသမှုတွေရပြီး အစားအသောက်တွေဝင်ပြီး အားနေတရားထိုင်နေနိုင်ပါပြီ ဘယ်လောက်ဝမ်းသာစရာကောင်းပါသလဲ

သားအဖ ၃ ယောက်မှာ သမီးအငယ်လေးကတော့ ပိုးမတွေ့ negative ပါ သူကတော့ ရောဂါပြင်းပြင်းထန်ထန် မခံစားရပါ။ ပြောချင်တာက ကိုဗစ်ဟာ မိသားစုတွေကို သေခြင်းတရားနဲ့ ရင်ဆိုင်ခိုင်းပြီး သေခွဲခွဲပါတာ် အဖေလုပ်သူကတော့ သူ့သမီးကြီးသေတာ မသိသေးပါ စိတ်မကောင်းဖြစ်ပြီး ပိုဆိုးမှာစိုးလို့ဖြစ်ပါတယ် လက်ရှိလဲဆေးရုံမှာ မဆင်းရသေးပါဘူး။

ကိုဗစ်ကြောင့် တကယ့်ကို ကြောက်စရာလန့်စရာအဖြစ်ကို ရောက်ရှိစေနိုင်တာမို့ ဂရုစိုက်ကြပါ။ ဒါဟာအဖြစ်မှန်ကို မခြွင်းမချန် အများအကျိုးရှိအောင် တင်ပြတာဖြစ်ပါတယ် အသိတရားရကြပါစေ။

ဒေါက်တာခင်ခင်ကြီး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page