အမရပူရ ပိုးတွေ့လူနာ လာကစားခဲ့သည့် ကျူခုံတွင် ကစားခဲ့သူ (၂၈) ဦး ကိုယ့်အသိစိတ်နှင့်ကိုယ် Q ဝင်

အမရပူရ ပိုးတွေ့လူနာ လာကစားခဲ့သည့် ကျူခုံတွင် ကစားခဲ့သူ (၂၈) ဦး ကိုယ့်အသိစိတ်နှင့်ကိုယ် Q ဝင်

အမရပူရမြို့နယ်ကပိုးတွေလူနာနှင့် ထိတွေ့ခဲ့သူ(၂၈)ဦးမှာ ကိုယ့်အသိစိတ်နှင့်ကိုယ် Q ဝင်ရန် လာရောက်ခဲ့ကြောင်း သိရပါတယ်။ ယင်းသူများသည် ပိုးတွေ့ရှိခဲ့သည့် အမရပူရ မြို့နယ် မှန်တန်းရပ်ကွက်နေထိုင်သူ လာရောက်ကစားခဲ့သည့် ကျူခုံကို လာရောက်ခဲ့သည့်အတွက် ယခုလို Q ဝင်ရောက်သည်ဟု အဆိုပါ ကျူခုံတွင် လာရောက် ကစားခဲ့သူ ဦးဇော်ဇော်အောင် ကပြောပါတယ်။

လက်ရှိအချိန်တွင် အဆိုပါ ပိုးတွေ့သူ နေထိုင်ရာ အိမ် နှင့် လမ်းကို လော့ဒေါင်း ပြုလုပ်ထားပြီး ပိုးသတ်ဆေးဖြန်းထားကြောင်း သိရပါတယ်။ အဆိုပါ ပိုးတွေ့လူနာ၏ မိသားစုဝင် (၆)ဦး၊ လူနာကို ဆေးခန်း လိုက်ပို့ပေးသူ ရာအိမ်မှူး နှင့် တခြားတစ်‌ယောက်ကို Q ပြုလုပ်ထားပြီးဖြစ်ပါတယ်။။ ၎င်းပိုးတွေ့လူနာ လာရောက်ကစားခဲ့သည့် ကျူခုံတွင် (၃)ရက်အတွင်း လာရောက်ကစားခဲ့သူ (၅၀)ကျော်အနက် (၂၈)ဦးမှာ မိမိအသိစိတ်ဖြင့် Q ဝင်ရန် လာရောက်ခဲ့ပြီး ကျန်သူများကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ကျန်းမားရေး နှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာလ (၉)ရက်နေ့ ည၈နာရီထုတ်ပြန်ချက်အရ ပိုးတွေ့သူစုစုပေါင်း (၈၂)ဦး အနက် မန္တလေးတိုင်းတွင် အမရပူရ မြို့နယ်တွင် (၁)ဦး နှင့် မြင်းခြံတွင်(၂)ဦး ပိုးတွေ့ရှိ‌ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page