တပြိုင်နက် ထွက်လာတဲ့ အမိန့် (၂) ခုနဲ့ ခေါင်းခြောက်နေသူများ ဒီစာကို ဖတ်ကြည့်ပါ

တပြိုင်နက် ထွက်လာတဲ့ အမိန့် (၂) ခုနဲ့ ခေါင်းခြောက်နေသူများ ဒီစာကို ဖတ်ကြည့်ပါ

ဒီအမိန့် ၂ခုက ဒီလိုပါ။

ပထမတခုက လူထောင် သောင်းချီ မဲဆွယ်အင်အားပြတာကို ခွင့်ပြုတာ မဟုတ်ပါဘူး။ မဲပေးရမယ့်နေ့မှာ မဲရုံမှာ မဲလာပေးကြရင် တန်းစီကြမယ့် လူတန်းက ရာနဲ့ချီရှိမှာပါ။ ဒါကြောင့် မဲပေးတဲ့နေ့မှာ စည်းကမ်းတွေနဲ့အညီ လူ ၃၀ ထက် ပိုစုဝေးခွင့်ပြုတယ်လို့ ကြေညာတာပါ။

နောက်အမိန့်ကတော့ Stay Home ဒေသက လူတွေ ဒေသတခုကနေ တခုကို ပြန်ပီး မဲပေးလို့တော့ မရပါဘူး။ ရန်ကုန်ကနေ နယ်ပြန်ပေးဖို့ မလွယ်ပါ။ ဒါပေမယ့် မိမိဒေသက မဲပေးရမယ့် မဲရုံကို သွားခွင့်ပြုတာပါ။ ဥပမာ ရန်ကုန်က လှိုင်မြို့နယ်ဆိုရင် Stay home ဖြစ်ပါတယ်။ ကိစ္စမရှိရင် အိမ်မှာပဲ နေရမှာပါ။ အပြင်ထွက်လို့ မရပါဘူး။ ဒါပေမယ့် မဲပေးဖို့အတွက်တော့ လှိုင်မြို့နယ်အတွင်းက သက်ဆိုင်ရာ မဲပေးရမယ့် မဲရုံကို မဲသွားပေးဖို့ ခွင့်ပြုပေးတာဖြစ်ပါတယ်။

ပြည်သူတွေ အမြင်မှားနေမှာစိုးလို့ပါ။ ဥပဒေအရ တရားဝင်မဲပေးလို့ရဖို့ ကြေညာပေးတာဖြစ်ပါတယ်။

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page