တကယ့် လက်တွေ့အခြေအနေနဲ့ ကင်းကွာနေတဲ့ ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်အလွဲများ

ကူးစက်ရောဂါနဲ့ ပါတ်သတ်ပြီး ထုတ်ပြန်တဲ့ အမိန့်တွေထဲမှာ ပြည်သူတစ်ယောက်အနေနဲ့ နားမလည်ဆုံး ကိစ္စက စျေးတွေကို နေ့တစ်ပိုင်းပဲ ဖွင့်ခွင့်ပေးတာ ထိပ်ဆုံးက ပါတယ်။ နေ့လည် ၁၂ ထိုးတာနဲ့ အပြီး ပိတ်ရမယ်။ မပိတ်ရင် အရေးယူမယ်။

ကျွန်တော် ဆိုလိုတာက နေ့တစ်ပိုင်းစျေးပိတ်တာက လူစုလူဝေး လျော့ချဖို့ ရည်ရွယ်ချက်ဆိုရင်တော့ လုံးဝ မအောင် မြင်ဘူး ဆိုတာပါပဲ။ (ကူးချင်ရင် မနက်ပိုင်းလည်း ကူးပါတယ်) (တစ်ခြား အကြောင်းရှိသေးရင် ရှင်းပြပေးပါ) မနက် တစ်ပိုင်းပဲ ဖွင့်တဲ့အတွက် အရင်ရက်တွေက ညနေဘက်မှ စျေးဝယ်သူတွေပါ မနက်ပိုင်း လိုက်ဝယ်ရတဲ့အတွက် လူက ၂ဆ ပိုများပြီး ပွဲတော်ကြီးလို နေ့စဥ် တိုးဝှေ့ ဝယ်ယူနေတာ မြင်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူး။

ဆီဆိုင်ဆိုလည်း ပြည့်ကျပ်၊ ဆန်ဆိုင်ဆိုလည်း တိုးမရ၊ ဆေးဆိုင်ဆိုလည်း တန်းစီ နေရတာ။ တက်နိုင်သလောက် လူစုလူဝေး ရှောင်ရှားပါဆိုပေမယ့် အခြေခံလူတန်းများတဲ့ ဒီနိုင်ငံမှာ မတက်နိုင်သူက ခပ်များများ မဟုတ်လား။ ကျွန်တော့်တစ်ဦးထဲ အမြင်အရဆို မြို့နယ် စည်ပင်စျေးတွေကို သာမာန်အချိန်တိုင်း ပုံမှန် ဖွင့်ပြီး Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ စနစ်တစ်ကျ သတ်မှတ်အကွာအဝေးက စျေးဝယ်ယူခြင်းတွေ ကို တင်းတင်းကျပ်ကျပ် ပြစ်ဒဏ်နဲ့ တစ်ကွ လုပ်ဆောင်တာက ပိုထိရောက်မယ်မြင်မိပါတယ်။

ကျွန်တော်လက်ရှိ ဒိုက်ဦးမှာနေပါတယ်။ ဒိုက်ဦး စည်ပင်စျေးဟာ ရွာပေါင်းများစွာ နေ့စဥ် ရောင်းဝယ်နေတဲ့ စျေးကြီးပါ။ အောက်က ပူးတွဲပါပုံက ၂၄ ယောက်တွေ့တဲ့ သတင်းတက်လာတဲ့ နေ့က ပုံပါ။ ဒီနေ့လည်း ဒီအတိုင်းပဲ လူတွေက ပြည့်ကျပ်နေတုန်းပါပဲ။

ပိုးတွေတဲ့ သူတွေနဲ့ ထိတွေ့ထားတဲ့သူတွေက အများကြီးရှိပါသေးတယ်။ (စောင့်ကြည့်တွေထဲ ဝင်ရောင်းတဲ့ မုန့်သည်၊ ထမင်းချိုင့်လာပို့တဲ့သူ၊ ဧည့်တွေ့တွေ၊ နောက် ညဘက် ခိုးထွက်ကြတဲ့ သူတွေလည်း ရှိပါသေးတယ်လို့ သတင်းကြားသိရတယ်) Q ဝင်သူတွေရဲ့ ကျန်းမာရေး အသိနည်းမူတွေ၊ စည်းကမ်း တင်းကျပ်မူ နည်း မူတွေကြောင့် ခုလို စုပြုံတွေ့လာရတာလို့ မြင်မိပါတယ်။

ဘာကြောင့်လည်းဆိုရင် တစ်နေရာထဲ ၁၂ယောက်တွေ့တဲ့ ကန်ဦးကျောင်းဆိုရင်၊ Qဝင်ထားတဲ့ သူတွေက အတူတကွ ခြင်းခတ်ခြင်း၊ ဝိုင်းဖွဲ့စကားပြောခြင်း လုပ်ဆောင်နေတာကို လမ်းမပေါ်က တွေ့နေရတာပါ။ သူတို့သာ စည်းကမ်းလိုက်နာမယ်ဆိုရင် ၁၂ ယောက် မဖြစ်နိုင်ဘူးလို့ ကျွန်တော် ယုံကြည်မိတယ်။

ခုချိန် မြင်ရတဲ့ မြင်ကွင်းက ဘယ်အချိန် ထပေါက်မလည်း မသိတဲ့ စစ်ကျန် ဗုံးတစ်လုံးကို ထိုင်ကြည့်နေရသလိုပါပဲ။ ကိုယ်ကိုယ်တိုင်ကလည်း တက်နိုင်သမျှ အိမ်ထဲနေလို့မရတဲ့ အခြေအနေမို့ တတ်နိုင်သမျှပဲ ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်နေရတယ်။

Htet Hnine San

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page