အားလုံးကို ပိတ်ပစ်လိုက်တာမျိုးထက်စာရင် အားလုံးအဆင်ပြေစေမယ့် လော့ဒေါင်းပြုလုပ်နည်း
စဥ်းစားဖို့ကောင်းပြီး လက်တွေ့ကျတယ် ။ ဖြစ်သင့်တယ် ။
ကိုဗစ်ကူးစက်နုန်း နဲ့ သေပျောက်နူန်း တွေ များလာလို့ အခုချိန်မှာ လူတော်တော်များများက စက်ရုံ အလုပ်ရုံ တွေ ရုံးတွေ ကို ၁၁ ရက်လောက် ပိတ်ပြီး လော့ဒေါင်းချဖို့ အကြံပေးနေကြတာ တွေ့ ရပါတယ်။
အဲသည်မှာ ဘာသွားတွေ့လည်း ဆိုတော့ ပြက္ခဒိန် အရ အောက်တိုဘာ နိုဝင်ဘာလတွေ ရဲ့ ပိတ်ရက်တွေဟာ ၁၀ ရက်လောက် ပိတ်ရက်ရှည်တွေ ရှိတာကို တွေ့ရပါတယ်။
အဲသည် ပိတ်ရက်ရှည်တွေကို အခုလိုချိန်မှာ သည် စက်တာဘာ လ ကို ယူပြီး အစား ထိုး ပိတ်ပေး လိုက်မယ်။ ၁၀ ရက်လောက် အရင်ပိတ်ပေးလို့ ရောဂါ ကူးစက်တဲ့ နူန်းကျ သွားပြီးမှ အောက်တိုဘာ နိုဝင်ဘာ ပိတ်ရက်တွေမှာ ပြန်အစားထိုးပြီး အလုပ်ပြန်ဆင်း ပေးရင် အလုပ်ရှင်ရော အလုပ်သမားပါ အဆင်ပြေနိုင်မယ် ထင်ပါတယ်။
သည်လိုသာဆို အခုအရင် ပိတ်ပေးတဲ့ ၁၀ ရက်ကို အလုပ်ရှင်က လစာ အပြည့် ပေးနိုင်မှာဖြစ်ပြီး အစားထိုးပြန်ဆင်းပေးရင်လည်း လုပ်ခလစာ ရဦးမှာ ဖြစ်ပါတယ်။
လိုအပ်ချက်ရှိ နိုင်ပါတယ်။ ဝိုင်းဆွေးနွေး အဖြေရှာရင် ရလဒ်ကောင်းတခု ရနိုင်မယ်ထင်ပါတယ်။
MyintOo