အလုပ်မဆင်းသည့် ဆရာဝန်များနေရာတွင် စစ်တပ် ဆရာဝန်များ အစားထိုးရန် စီစဥ်နေဟုဆို

လက်ရှိမှာ အစိုးရအလုပ်ကနေ ထွက်ထားတဲ့ အတွက် CD မှာ ပါလို့ မရတာ ဝမ်းနည်းမိပါတယ်။ မိမိစိတ်အခြေအနေအရ လက်ရှိမှာ အစိုးရဝန်ထမ်းဖြစ်နေခဲ့ရင်လည်း CD မှာအားတက်သရော ပါဝင်မိမှာ ဖြစ်ပါတယ်။

အစိုးရဝန်ထမ်း မဖြစ်နေသည့်အတွက် ကိုယ်တိုင် မပါဝင်နိုင်ပေမယ့် CD မှာ ပါဝင်ကြသူများကို အပြည့်အဝ ထောက်ခံပါတယ်။ CD က လက်ရှိအနေအထားမှာ အောင်မြင်တယ် ပြောလို့ ရသွားပါပြီ ခမျာ။ မနက်ပိုင်းမှာ မီဒီယာမှာ သတင်းတက်တာနဲ့ အပိုင်နယ်ထိန်းတွေက ဆေးရုံတွေမှာ အမှန်တစ်ကယ် ဆရာဝန်တွေ လာမလာ လာကြည့်ရပါတယ်။

သတင်းတက်ပါတယ်။ သေချာသွားတဲ့အတွက် နေ့လည်မှာ MS တွေ ကို အစည်းအဝေးလုပ်ပါတယ် ၇ ရက်အတွင်းအလုပ်ပြန်တက်ရန် သို့မဟုတ် နှုတ်ထွက်စာတင်ရန် အဓိက ဖြစ်ပါတယ်။ အဲ့ထက်ပိုတာက စာရင်းအတိအကျပြုစုပြီး ပို့ရမှာ ဖြစ်ပြီး လိုအပ်တဲ့အရေအတွက်ကို တပ်က ပို့မှာဖြစ်ပါတယ်

တပ်ဆေးရုံတွေမှာ သူနာပြုတွေ ပထမ မဲနှိုက်ပါတယ်။ အခုနေ့လည် ကျနော်ရေးချိန်အထိ AS တွေပါ မဲနှိုက်နေပါပြီ လို့သိထားပါတယ် (ကျနော်သိတာသတင်းမှားဆိုရင် လာပြောလို့ရပါတယ် ခမျာ) ဆိုတော့ကာ CD က အဆင့်တစ်ခုအထိ အောင်မြင်ခဲ့ပါပြီ။

ပူးပေါင်းပါဝင်သူတိုင်းကို ကျေးဇူးတင်ရသလို စစ်အစိုးရလက်ထက်မှာ အာဏာဖီဆန်မှု လုပ်ရတာသည်။ အလွန်အန္တရာယ်များသော အခြေအနေဖြစ်သောကြောင့် မိမိအရေး မိသားစုအရေးများ ငဲ့ညှာထောက်ထားရသဖြင့် ပူးပေါင်းပါဝင်မှု မပြုနိုင်သေးသော သူများကိုလည်း နားလည်ပေးရမှာဖြစ်ပါတယ်

ကျနော်တို့ ဆက်လက်လျှောက်လမ်းရပါမယ် ခေတ်ဝန်ကိုထမ်းကာ ခေတ်လမ်းကိုလျှောက်ကြပါစို့

ကျနော် ဆေးဝါးတက္ကသိုလ်ရန်ကုန်က လက်ထောက် ကထိက ဒေါက်တာထက်ဖြိုးအောင်ပါ လက်ရှိ ရာထူးရှိနေသေးပေမယ့် ဌာနကင်းကွာပါ CD လုပ်တဲ့ကျန်းမာရေးဝန်ထမ်းများနှင့်တကွ ဘယ်ဝန်ထမ်းမဆို ထောက်ခံအားပေးပါတယ်ခမျာ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page