တောင်အမေရိကမှာ တရုတ်ထက် အရင် လက်ဦးမှု ရယူလိုက်တဲ့ အမေရိကန်

တောင်အမေရိကမှာ တရုတ်ထက် အရင် လက်ဦးမှု ရယူလိုက်တဲ့ အမေရိကန်

လုပ်ပြန်ပြီ ဥရောပကို တရုပ်လက်ထဲကဆွဲထုတ်ပြီးတဲ့နောက် မိုက်ပွန်ပီယိုဟာ တရုပ်ကြီး စိတ်မချမ်းမသာဖြစ်သွားစေဖို့ တောင်အမေရိက ခရီးစဥ်ကိုစလိုက်ပါတယ် တရုပ်တွေ အိပ်မက်ဆိုးကြီးမက်လာစေဖို့ ပွန်ပီယိုဟာ ​​​​နောက်တစ်ခေါက်ခပ်မြန်မြန်လေး ထွက်ပေါ်လာပြန်ပါတယ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘယ်ကိုပဲသွားသွား တရုပ်တွေ မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်နေရမြဲလို့တောင် ပြောရမလိုဖြစ်နေတယ် သူသွားလိုက်တဲ့နေရာတိုင်းမှာ နဂိုရ်ကရှိခဲ့တဲ့ တရုပ်တို့ရဲ့ လွှမ်းမိုးမှု သြဇာကျဆင်းသွားလေ့ရှိလာလို့ပါပဲ အရှေ့အလယ်ပိုင်းနဲ့ ဥရောပမှာ တရုပ်တို့ကို ခြေလက်တွေဖြတ်တောက်သလိုဖြစ်စေခဲ့အပြီး အခုတစ်ခါ တောင်အမေရိက ကိုတရုပ်ရင်ခွင်ထဲက ဆွဲထုတ်ပါတော့မယ် ခြေလှမ်းစလိုက်ပါပြီ တကယ်တော့တရုပ်တွေ တောင်အမေရိကကို စပြီးလွှမ်းမိုးဖို့ ဗျူဟာစဆင်လာကတည်းက ပွန်ပီယို ဟာ တောင်အမေရိကကိုသွားဖို့ဆုံးဖြတ်ခဲ့ပြီးသားပါ

တရုပ်ကွန်မြူနစ်ပါတီရဲ့အာဘော်သတင်းစာ ဖြစ်တဲ့ ဂလိုဘယ်တိုင်းမ် က ” ဥရောပနဲ့အရှေ့အလယ်ပိုင်း အပြီးမှာ ပွန်ပီယိုဟာ တရုပ်ဆန့်ကျင်ရေးဇာတ်ညွှန်းနဲ့ လက်တင်အမေရိကမှာ ဇာတ်ကဖို့လုပ်လာပြီ ” ဆိုပြီးရေးသားခဲ့တယ် ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အပြီးသတ်ခဲ့တဲ့ ပွန်ပီယိုရဲ့ တောင်အမေရိက ခရီးစဥ်အပြီးမှာတော့ ဘေဂျင်းဟာ လက်တင်အမေရိကကနေ မကြာခင်ကန်ထုတ်ခံရတော့မယ်ဆိုတာပိုထင်ရှားသွားခဲ့ပါတယ် တရုပ်ကို တောင်အမေရိကနဲ့အဆက်ဖြတ်ဖို့ လုပ်တဲ့အမေရိကန်တို့ရဲ့ နည်းဗျူဟာဟာ အရှေ့အလယ်ပိုင်းမှာလုပ်ခဲ့တာနဲ့ဆင်တူနေပါတယ်

အရှေ့အလယ်ပိုင်းမှာတုန်းက တရုပ်ရဲ့ မိတ်ဖက်အီရန်ကို မျဥ်းသားပြီးစည်းခြားခဲ့တယ် ပြီးတော့အမေရိကန်ရဲ့မဟာမိတ်တွေထဲကအစ္စရေးလိုနိုင်ငံကို မေးခွန်းစထုတ်ခဲ့တယ် တရုပ်ကိုရွေးမလား အမေရိကန်ကိုရွေးမလား ဆိုတာပါပဲ Abraham Accord စာချုပ်တွေကို အမေရိကန်နဲ့အစ္စရေးတို့ဟာ တခုပြီးတခု ဆက်လက်ချုပ်ဆို နိုင်ခဲ့တာတွေဟာ အာရပ်ကမ္ဘာနဲ့ အစ္စရေးတို့အနေနဲ့ အမေရိကန်ကို ရွေးချယ်လိုက်ကြတယ်ဆိုတဲ့ ပြယုဂ်ပါပဲ ပွန်ပီယိုဟာ သူ့ရဲ့တောင်အမေရိကခရီးစဥ်ကို အလားတူ ပုံကြမ်းဆွဲပြီးလိုင်းကြမ်းတွေချထားခဲ့ပါတယ်

သူ့ခရီးစဥ်မှာ လေးနိုင်ငံသွားရောက်ခဲ့ပြီး အဲ့ဒိအထဲက၃နိုင်ငံဟာ ဗင်နီဇွဲလားနဲ့ နယ်နိမိတ်ဆက်စပ်နေတဲ့ နိုင်ငံတွေပါပဲ ဗင်နီဇွဲလားဟာ တောင်အမေရိကမှာတော့ တရုပ်ရဲ့ အမာခံဒေသလို့ ပြောလို့ရတဲ့နေရာပါ ဒါကြောင့်မို့ သူ ဘရာဇီးကိုရောက်တဲ့အချိန်မှာ ဗင်နီဇွဲလားက စစ်ပြေးဒုက္ခသည်တွေကို လက်ခံပေးနေခဲ့တဲ့အပေါ်မှာ ဘရာဇီးကို ချီးကျူးခဲ့ပါတယ် ပွန်ပီယိုဟာ ဘရာဇီးမှာရှိတဲ့ ဗင်နီဇွဲလားက ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး တရုပ်ထောက်ခံတဲ့ ဗင်နီဇွဲလားသမ္မတ Nicolas Maduro ကိုနှုတ်ထွက်ပေးဖို့တောင်တောင်းဆိုခဲ့ပါတယ်

အလားတူပါပဲ ကိုလံဘီယာသမ္မတနဲ့တွေ့ဆုံတဲ့အခါမှာ ဗင်နီဇွဲလားသမ္မတ ကို ဆန့်ကျင်တဲ့အပေါ်ချီးကျူးပြောဆိုခဲ့ပါတယ် ပွန်ပီယိုဟာ မမျှော်လင့်ထားတဲ့ စိတ်ဝင်စားစရာ ကြေညာချက်တစ်ခုလည်း ထုတ်ပြန်ခဲ့ပါတယ် အဲ့ဒါကတော့ ဒုက္ခသည် ဗင်နီဇွဲလားပြည်သူတွေအတွက် ကူညီထောက်ပံ့ငွေ ဒေါ်လာ ၃၄၈သန်း ပေးမယ်လို့ဆိုလိုက်တာပါပဲ ( သူတို့ကိုလက်ခံပေးထားတဲ့နိုင်ငံတွေကိုပေးမှာပါ) ဆင်းရဲမှုဒုက္ခတွေကို ခံနေကြရတဲ့ပြည်သူတွေအပေါ်အုပ်ချုပ်နေတဲ့ လက်ရှိဗင်နီဇွဲလားအစိုးရအပေါ် ဆန့်ကျင်လိုစိတ် တွေ ကိုပိုဆွပေးလိုက်တဲ့ကြေညာချက်ပါ

ခရီးစဥ်မှာ ဗင်နီဇွဲလားဟာ ပွန်ပီယိုရဲ့ အဓိကဦးစားပေး ပစ်မှတ်ဖြစ်ပါတယ် သူဟာ တရုပ်ကို တိုက်ရိုက်ဖော်ပြ ပြောဆိုဖို့လည်း အားနာမနေပါဘူး ရှက်ရွံ့နေတာမျိုးလည်းမရှိပါဘူး ဥပမာအနေနဲ့ပြောရရင် ဆူရီနမ်နိုင်ငံ သမ္မတနဲ့ ပူးတွဲပြီး လူတွေ ရှေ့ထွက်ခဲ့တဲ့အချိန်မှာ တရုပ်ကုမ္ပဏီတွေဟာ သင့်တင့်မျှတပြီး တန်းတူညီမျှမှုကို များသောအားဖြင့် ဘယ်တော့မှ အခြေမခံချင်ကြဘူးလို့ ပြောခဲ့ပါသေးတယ် ဘယ်လိုမျိုးနိုင်ငံပိုင်ကုမ္ပဏီကမှ အမေရိကန် ပုဂ္ဂလိကကုမ္ပဏီတွေကို ကုန်ပစ္စည်းအရည်အသွေးအရရော ဝန်ဆောင်မှုအပိုင်းတွေမှာပါ ယှဥ်ပြိုင်လို့နိုင်မှာမဟုတ်ဘူး ဆိုပြီး တရုပ်ရဲ့လုပ်ငန်းလုပ်ကိုင်တဲ့ပုံစံစနစ်အကြောင်းကိုပြောရင်းကနေ လမ်းကြောင်းပြောင်းလာအောင်လုပ်ခဲ့ပါတယ်

ကမ္ဘာပေါ်က နိုင်ငံတွေမှာတရုပ်တို့ ဘယ်လိုရင်းနှီးမြှုပ်နှံသလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ခဲ့တယ် အစပိုင်းမှာ အတော်ဟန်ကျတဲ့ပုံပဲလို့ ထင်မြင်စရာရှိတယ် အဆုံးမှာ နိုင်ငံရေးတွေပါလာပြီး ကျရှုံးခန်းတွေ ဖြစ်လာတာပါပဲ လို့ပြောခဲ့ပါတယ် ဂိုင်ယာနာ နိုင်ငံမှာလည်း ပွန်ပီယိုဟာ သည်အတိုင်းပဲ ပြောခဲ့ပါတယ် ဘရာဇီးမှာရှိနေတုန်းမှာ သူက ဘရာဇီးရဲ့အနာဂတ်ဆက်သွယ်ရေးကွန်ရက်ဟာ တရုပ်ကွန်မြူနစ်ပါတီရဲ့နှောင်ကြိုးကင်းဖို့လိုတယ် အမေရိကန်နဲ့ဘရာဇီးရဲ့ ကုန်သွယ်ရေးနဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကိစ္စတွေ တို့းမြှင့်နိုင်ဖို့အတူတကွလက်တွဲလုပ်ဆောင်ဖို့လိုတယ် လို့ပြောခဲ့ပါတယ် အဲ့သည်လိုပြောရာမှာ ဟွာဝေးရဲ့အမည်ကိုတော့ထုတ်မပြောခဲ့ပါဘူး ဒါပေမယ့်ရှင်းပါတယ် အမေရိကန်နဲ့ တရုပ် ဘယ်သူ့ကိုရွေးမလဲလို့မေးခဲ့တာပါပဲ ဖြစ်နိုင်ခြေအားလုံးအရကတော့ ဘရာဇီးဟာ အမေရိကန်ကိုသာ ရွေးချယ်ပါလိမ့်မယ်လို့ ပြောနိုင်ပါတယ်

ပွန်ပီယိုရဲ့ တောင်အမေရိကခရီးစဥ်အပေါ် တရုပ်တွေ ရတက်မအေးဖြစ်နေရပါတယ် ပွန်ပီယိုရဲ့ ဥရောပခရီးစဥ်အပြီးမှာ တရုပ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ဟာ ဥရောပကို ချက်ခြင်းသွားခဲ့ပြီးအဖတ်ဆယ်ခဲ့ ပေမယ့် ဂျာမဏီမှာ အရှက်တကွဲဖြစ်ပြီးပြန်လာခဲ့ရတယ်ဆိုတဲ့ရခဲ့တဲ့ သာဓကဟာ မကြာသေးပါဘူး အမေရိကန်ရဲ့မိတ်ဖက်တွေအနားကနေ တရုပ်ကို ခပ်ဝေးဝေးမောင်းထုတ်ရေး အတွက် ပွန်ပီယိုရဲ့ ကြိုးပမ်းမှုတိုင်းဟာ တရုပ်တို့အတွက်ဆိုးကျိုးတွေဖြစ်ဖြစ်လာနေပါတယ်

အမေရိကန်တို့ဟာ သူတို့အနေနဲ့ အရေးပါတယ်လို့ထင်လာတဲ့အခါ သူတို့ကိုရွေးမလား တရုပ်ကိုရွေးမလားဆိုတဲ့ မေးခွန်းကို မေးလေ့ရှိတတ်ပါတယ် ရလာတဲ့ အဖြေကို ထုတ်ပြောလေ့မရှိပါဘူး ဒါပေမယ့် အဖြေပါတဲ့ ဖြစ်ရပ်တွေ မကြာခင်ပေါ်လာတတ်တာထုံးစံပါ

pi lon

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page