လက်တနေ့ အခေါက်တသောင်းဆေးရင်း၊ mask တပ်ရင်းနဲ့ အကူးခံလိုက်ရပါတယ်ဆိုတဲ့ လူနာအမှတ် (၁၃၀၇)

ကျွန်မ ဒီနေ့ မနက် “positive” အဖြေထွက်ပါတယ်။ case နံပတ် ၁၃၀၇ပါ။ နေတဲ့ ကွန်ဒို ပတ်ဝန်းကျင်ဘဲ ဆယ်ရက်အတွင်းသွားခဲ့တာရှိလို့ လော့ဒေါင်း တွေအကုန်ချပြီးပါပြီ။

နေလို့ထိုင်လို့ကောင်းပါတယ်။ မေးခွန်းတွေတော့ အရမ်းလာမမေးပါနဲ့နော်။ အသိပေးတယ်ဆိုတာ တကယ်စိတ်ပူနေတဲ့သူတွေအတွက်ကော ၊ သတင်းအမှန်ကို ကျွန်မဆီကဘဲထွက်ချင်လို့ပါ။

အချိန်ရသလို ပေ့ မှာ အပ်ဒိတ် တင်ပေးပါ့မယ်။ အဲ့ဒါကိုဘဲ စောင့်ဖတ်ပေးပါ။ ကျွန်မမိဘတွေနဲ့သိရင် သူတို့ကို မေးခွန်းစစ်သလိုလဲမမေးပါနဲ့။ (ခင်မင်ရတယ်သူတွေကို ကြိုပြောထားတာပါ။)

မိသားစုက အခု အချိန်မှာ ကူညီဖေးမမှု support & love အလိုအပ်ဆုံးပါ။ အနံ့ပျောက်ရာကနေ ကျွန်မက သံသယရှိလို့ ကိုယ်တိုင်သွား စစ်ဆေးယူခဲ့တာပါ။ ဘာမှရှက်စရာမရှိလို့ မရှက်ပါ။ “Sad” reaction တွေတော့မပေးပါနဲ့။

လက်တစ်နေ့အခေါက်တစ်သောင်းဆေးရင်း၊ အောက်ဆင်းတာနဲ့ mask တတ်ရင်း၊ အိမ်မှာနေရင်းဖြစ်တာပါ။ အားလုံးကို မပေါ့ဆပါနဲ့လို့ ပြောပါရစေ။ ဆုတောင်းပေးကြတာ ကျေးဇူးတင်ပါတယ်။

Please take care of yourself.
မေတ္တာဖြင့် ယမုံ (Yamone Scarlett)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page