ဘင်္ဂလားပင်လယ်အော်မှာ စဖြစ်လာတော့မယ့် လေဖိအားနည်းရပ်ဝန်းနဲ့ သတိပြုရမယ့် အခါလွန်မိုး

ဘင်္ဂလားပင်လယ်အော်မှာ စဖြစ်လာတော့မယ့် လေဖိအားနည်းရပ်ဝန်းနဲ့ သတိပြုရမယ့် အခါလွန်မိုး

တောင်တရုတ်ပင်လယ် ပြင်မှ မုန်တိုင်းများ၏ အရှိန် ကြောင့် မြန်မာနိုင်ငံဒေသအများစု အချိန်အခါမဟုတ် မိုးရွာနေစဉ် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာ နိုင်‌ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဌာနက သတင်း ထုတ်ပြန်ထားသည်။

‌တောင်တရုတ်ပင်လယ်မှ ‘မိုလေ့’ (MOLAVE)အမည်ရ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအများစုတွင်‌ အောက်တိုဘာ ၂၇ ရက်ကစ၍ မိုးကောင်း ခဲ့သည်။ ယခုအခါ ‘မိုလေ့’ မုန် တိုင်း အားလျော့သွားသော်လည်း တောင်တရုတ်ပင်လယ်တွင် နောက်ထပ် မုန်တိုင်းတစ်လုံး ဖြစ် ပေါ်နေသည်။

ထိုအ‌ခြေအနေတွင် ဘင်္ဂ လားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဌာနက အောက်တိုဘာ ၃၀ ရက် နေ့လယ်တွင် ထုတ်ပြန်ထားသည်။

ယခုလတ်တလော ရာသီ ဥတုအခြေအနေအရ မြန်မာနိုင်ငံဒေသအနှံ့တွင် အချိန်အခါမဟုတ်မိုးရွာနိုင်၍ စိုက်ပျိုးရေးတောင်သူများ ကြိုတင်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက သတိပေးသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က မြန်မာနိုင်ငံဒေသအနှံ့အပြား တွင် မိုးရွာခဲ့ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုး ကြီးခဲ့သည်။

ထို့‌ကြောင့် ဥရုချောင်းရေ ရုတ်တရက် မြင့်တက်လာကာ ဟုမ္မလင်းမြို့ ဒေသခံများသည်‌ ရေကြီးနစ်မြုပ်မှုဘေး ကြုံတွေ့ခဲ့ပြီး စပါးစိုက်ခင်း ခုနစ်ထောင် ကျော် ရေနစ်မြုပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page