ဒူးရင်းသီး မှည့် မမှည့်နှင့် အကောင်းဆုံး ဒူးရင်းသီးကို ရွေးချယ်ဝယ်ယူနည်း
ဒူးရင်းသီးကြိုက်တဲ့ သူတွေအတွက် ဒူးရင်းသီးရွေးနည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
၁။ အညှာဖျားကိုကြည့်။ အဆစ်ထိပ်ညီနေရင် ကြွေသီး။ အညှာထိပ် မညီမညာဆိုရင် ထိုးသီး။ (ကြွေသီးက ပင်မှည့်သီးမို့ ပိုကောင်းပါတယ်။)
၂။ အခွံနဲ့ဆူးကိုကြည့်။ အရောင် ဝင်းတောက်/စိမ်းညို့နေမှရင့်။ ဆူးကြဲ ညီညာလှပနေမှ ကောင်းပါတယ်။
၃။ ဒူးရင်းသီးမှာ လေးတဲ့အသီး အစေ့ကြီး အသားပါးပြီး ပေါ့တဲ့အသီး အစေ့သေး အသားထူတာပါ။ အခြားအသီးတွေနဲ့ မတူတဲ့အချက်လေး။
၄။ အသီးအောက်ပိုင်း အခွံတွေ ညိုနေရင်/ပုတ်နေရင် မယူပါနဲ့နော်။
၅။ ဒူးရင်းသီးကောင်းတလုံးရဲ့ ဆူးတွေဟာ တိုနေရပါမယ်။ ဒူးရင်းသီးရဲ့ ဆူးလိုင်းတွေဟာ ကျဲနေရပါမယ်။ ဒူးရင်းသီးရဲ့ အညှာဟာ ဖြောင့်တန်းနေရပါမယ်။ ၆။ အနံ့မွှေးနေမှ အရသာကောင်းပါတယ်။ အနံ့မမွှေးရင် နုပြီးမမှည့်တာတွေဖြစ်တတ်ပါတယ်။
၇။ မှည့်/မမှည့်သိချင်ရင် လက်သဲနဲ့ ဆူးဖျားလေးနှစ်ခုကိုပူးညှစ်ကြည့်ပါ။ ပူးညှစ်လို့ရရင်မှည့်ပါပြီ ။ ၈။ အသီးကိုဒါးလေးနဲ့လည်းရိုက်ကြည့်လို့ရပါတယ်။ အုံသံကလေးပါမှ မှည့်ပါတယ်။ အသံမထွက် နေရင်စိမ်းနေပါသေးတယ်နော်။
၉။ ဒူးရင်းသီးကိုနမ်းကြည့်ပြီး လည်း မှည့်မမှည့် သိနိုင်ပါတယ်။ အနံ့လှိုင်လှိုင်မွှေးနေပြီဆိုရင် အသင့်စားလို့ရနေပြီဆိုတာ သိနိုင်ပါတယ်။ ၁၀။ ဒူးရင်းသီးကို လှုပ်ခါကြည့်ရင်လည်း မှည့်မမှည့်သိနိုင်ပါတယ်။
မှည့်နေပြီဖြစ်တဲ့ ဒူးရင်းသီးဟာ အတွင်းက အဆံဟာ မသိမသာလေး ချောင်နေတာကို သိထားရပါမယ်။ ဒီအချက်လေးတွေနဲ့ ဒူးရင်းသီးကောင်းကောင်းတလုံး ရွေးချယ်ဝယ်ယူနိုင်ပါပြီ။
ဒူးရင်သီးခြံနဲ့ နေထိုင်ဖူးသူတွေက ဒူးရင်းသီးအပင်မှာ ပန်းပွင့်တာကစလို့ အသီး ကြွေကျလာတဲ့အထိ ဘယ်လို ဖြစ်ပေါ်လာတယ် ဆိုတာကို လက်တွေ့နားလည်ကြတယ်.. ဒူးရင်းခြံနဲ့ မရင်းနှီးသူတွေကတော့ စျေးထဲက ဒူးရင်းသီး အ ကြောင်းလောက်ပဲ သိတယ်.. တချို့က လုံးဝ မစား ဖူးတဲ့ သူတွေလည်း ရှိတယ်.. အဲတော့ ဒူးရင်းသီးနဲ့ပတ်သက်လို့ “ဘယ်လိုဟာက အရသာ အကောင်းဆုံးဖြစ်မလဲ၊ ဘယ်လိုဟာက အမှည့်လွန် ဖြစ်မလဲ၊ ဘယ်လိုဟာက မှည့်တော့မှည့်တယ် ပုံမှန် စံမှီ မှည့်တာ မဟုတ် အဲ ၃ မျိုးအနက်က အမှည့်လွန် ဆိုတာက စားကြည့်ရင်သိသာတယ်.. အရသာပျက် နေတယ်.. အခူးစောလို့သော်လည်းကောင်း နေအပူရှိန် ပြင်းထန်လို့ မမှည့်ချင်ပဲ မှည့်လိုက်ရတာမျိုးက ပုံမှန် စံမှီ မှည့်မဟုတ်ပါ.. အပင်မှည့် ကြွေကျတဲ့အသီးသည် အကောင်းဆုံးဖြစ်ပါတယ်..
ဒူးရင်းသီးဆိုတာ အရင့်မှန်ကို ရွေးပြီး အခူးမှန်မှ မှည့်လာသောအသီးသည်လည်း အကောင်းဆုံးဖြစ်ပါတယ်.. တချို့က အပင်ကြွေကျ အသီးကို အမှည့်လွန်လို့ ထင်တာကတော့ လုံးဝ မှားပါတယ်.. ဒူးရင်းခြံပိုင်ရှင်တွေ ခြံထဲမှာ နေထိုင်သူတွေဟာ အပင်မှည့် ကြွေကျအသီးကိုသာ စားကြတယ် ဆိုတာကို သတိပြုစေချင်ပါတယ်.. ဖင်ကွဲအသီးက အလုံးတိုင်း အမှည့်လွန်တာ မဟုတ်ပါ.. တချို့ တဝက် မှန်ပါတယ်.. နောက်တစ်ခု နေအပူချိန်ကြောင့်ဖြစ်စေ ရေငတ်လို့ဖြစ်စေ မိုးရွာချလို့ဖြစ်စေ လေပြင်းတိုက်ခတ်လို့ဖြစ်စေ အပင်ကြွေကျတာမျိုးတွေကတော့ ပုံမှန် မဟုတ် စံမမှီပါ..