အကောင်းပဲကြားချင်နေတဲ့ သူတွေနဲ့ အကောင်းပဲပြောချင်တဲ့ သူတွေကြားမှာ ခံရမယ့် သူတွေ
အကောင်းပဲကြားချင်နေတဲ့ သူတွေနဲ့ အကောင်းပဲပြောချင်တဲ့ သူတွေကြားမှာ ခံရမယ့် သူတွေ
မြန်မာ့ ကိုဗစ်ထိန်းဖို့ ရာမှာ အဓိက ပြဿနာ ၂ ခု တွေ့ရတယ် အကောင်းပဲကြားချင်တဲ့ ဆရာဝန်တွေပါတဲ့ အုပ်စု တစု နဲ့ အကောင်းချည်းပြောတဲ့ အစိုးရတာဝန်ရှိသူတွေပါပါတဲ့ အုပ်စု တစု
ဒီတော့ ပြည်သူတွေ ကြားထဲမှာ false security ဆိုတဲ့ ငါတို့ အေးဆေးပါဆို တဲ့ ခံစားချက်တွေ ဖြစ်လာနိုင်တယ် တကယ်လည်းဖြစ်နေတယ်
အမှန်တော့ စိုးရိမ်ရေမှန် ကျော်လွန်တာ ကြာနေပြီ။ လက်ရှိ မြန်မာ့သေနှုန်းက တနာရီကို ၂ ယောက် နှုန်း ဖြစ်လာနေပြီ။ တခြားနိုင်ငံနဲ့ သေနှုန်းခြင်း ယှဉ်မယ်ဆို မြန်မာနဲ့ ရာသီဥတု မကွာ ယဉ်ကျေးမှုမကွာ ဒေသ မကွာ GDP မကွာတဲ့ ဘော်ဒါစစ်စစ် CLMV လို့ခေါ်တဲ့ ကမ္ဘောဒီးယား လာအို ဗီယက်နမ် နဲ့ ယှဉ်မှ ပေတံ ကိုက်မယ်။
အင်္ဂလန်တို့ အမေရိကားတို့ နဲ့ မယှဉ် နဲ့ ဟိုက သန်းချီ ဖြစ် သိန်းချီသေနေတာ။ ကိုယ်တွေက ဖြစ်တာ ၅ သောင်းမပြည့်သေးဘူး သေနှုန်းကျတော့ သန်းချီ ဖြစ်တဲ့ နိုင်ငံနဲ့ သွားယှဉ်နေတယ် အဓိက ပိုင်းခြေ တူအောင်အရင်ညှိဖို့လိုတယ်။
ကိုဗစ် ကို ထိန်းချုပ်တဲ့နေရာမှာ ရိုးသားပါ။ နိုင်ငံရေးမပါပါနဲ့။ နိုင်ငံရေးပါရင် ပြည်သူတွေ အသက်တွေပဲ ဆုံးရှူံးရမယ်။ ဆေးရုံက လက်မခံနိုင်တော့လို့ အိမ်ပြန်နေနေရတဲ့ အတွက် Home containment ဂိုက်လိုင်းတွေ လိုနေပါပြီ။
ဒီနေ့တော့ ဒီလောက်ပဲ ဒေါက်တာဉာဏ် ကနေ တခုခု ပြောတိုင်း လူမုန်းများလွန်းလို့ ဒေါက်တာမုန်းလို့တောင် နာမည်ပြောင်းရတော့မယ်။ မှတ်ချတ်။ ထိထိရောက်ရောက်ကာကွယ်ပါ အောက်ဆီဂျင်ထက် ထိရောက်ပါတယ်။
Nyan Win Phyo