ကံတွေ ကောင်းလာဖို့ လက်ပေါ်က လက္ခဏာကံလမ်းကြောင်းကို ပြင်ကြသူများ (ကြံကြံဖန်ဖန်ပါပဲ)

ကံတွေ ကောင်းလာဖို့ လက်ပေါ်က လက္ခဏာကံလမ်းကြောင်းကို ပြင်ကြသူများ (ကြံကြံဖန်ဖန်ပါပဲ)

ထိုင်းနိုင်ငံမှာ ကံကြမ္မာပြောင်းလဲစေ ဖို့အတွက် လက္ခဏာလမ်းကြောင်းတွေကို ပြောင်းလဲပေးတဲ့တက်တူး(ဆေးမင်ကြောင်) ဆိုင်တစ်ခုဟာ လူကြိုက်များရေပန်းစားလျက်ရှိတယ်လို့ သိရပါတယ်။

နံ့သာဘူရီဒေသမှာရှိတဲ့ တက်တူးဆိုင်က ကိုယ်ရဲ့လာဘ်လာဘ၊ ကျန်းမာရေးနဲ့ မေတ္တာရေး အစရှိတာတွေကို ရိုးရိုးလေးပဲ ပြောင်းလဲလိုက်လို့ရပါတယ်လို့ ဆိုထားပါတယ်။

Ajarn Ple ခေါ် ပါမောက္ခ Ple အမည်ရှိတဲ့အမျိုးသမီးက လက္ခဏာလမ်းကြောင်းပြောင်းလဲပေးတဲ့ တက်တူးဆိုင်ကို ဖွင့်လှစ်ထားတာဖြစ်ပြီး တော့ ထိုင်းနိုင်ငံမှာ ဒီလိုဆိုင်မျိုးကို ပထ မဆုံးအကြိမ်မြင်တွေ့ရတာဖြစ်ပါတယ်။ Ajarn Ple က သူကိုယ်တိုင်လည်း လက္ခ ဏာလမ်းကြောင်းပြောင်းထားတာကြောင့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာတာပါလို့ ဆို ပါတယ်။

အစောပိုင်းမှာ မျက်ခုံးမွေးတက် တူထိုးတဲ့လုပ်ငန်းသာလုပ်ကိုင်ခဲ့ပြီး လက္ခဏာပညာကိုစိတ်ဝင်စားရာကနေ စိတ်ကူးသစ်ရရှိခဲ့တာဖြစ်ပါတယ်။ Ajarn Ple ရဲ့လက္ခဏာလမ်းကြောင်းပြောင်းလဲပေး တဲ့တက်တူဆိုင်ကို ယုံကြည်လို့လာရောက် သူတွေလည်းရှိသလို လိမ်နေတာလို့ စွပ်စွဲပြောဆိုနေသူတွေလည်းရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page