အိတ်နှစ်ထပ်ခံထားခဲ့လို့ ပိုက်ဆံတွေကော ဖုန်းကော ပါမသွားခဲ့တဲ့ ခရီးသည်တဦးရဲ့ အတွေ့အကြုံ
*ခါးပိုက်နှိုက် သတိပြု*
ဒီနေ့မနက်ပိုင်း ၈နာရီခွဲလောက်က ခရေပင်လမ်းခွဲကနေ YBS 66 နဲ့အိမ်ကို အပြန် ကန်သာယာမှာ လူတွေတော်တော်များ တက်လာကြပီး ကိုယ့်ဘေးနားကို ကောင်လေးက သူ့ထီးနဲ့ အတင်းတွေကွယ်နေတော့ ကိုယ်လည်း နည်းနည်းသတိထားမိလိုက်တယ်..
အဲ့အကောင်က အသက် ၂ဝ ဝန်းကျင်လောက်ပေါ့.. သူ့က ကိုယ့်အိတ်ကို ဓားနဲ့ ခွဲနေတာ ကိုယ့်စိတ်ကတော့ သိနေတယ်.. ဒါပေမဲ့ မအော်ရဲဘူး ဓားက ကိုယ့်ဗိုက်ဘေးနားမှာမို့လို့.. ကိုယ့်လည်း ရှေ့မှတ်တိုင် ရောက်တော့ ချက်ချင်းဆင်းလိုက်ပီး အိတ်ကို ပြန်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ ဘေးကိုခွဲပီးသားလေး..
ကံကောင်းတယ်ပဲ ပြောရမလား အိတ်ကို နှစ်ထပ်ခံခဲ့လို့ အထဲက ပိုက်ဆံ ၄ သိန်း ၆ သောင်းရော ဖုန်းရော တစ်ခုမှ ပါမသွားခဲ့ပါဘူး.. အားလုံးအပြင်သွားရင် ဂရုစိုက်ကြပါ..
(Akayi Hnin)