အမေရိကန် သမ္မတစီးတဲ့ Air Force One (လေတပ်နံပါတ် ၁) လေယာဥ်ကို အသံထက်မြန်တဲ့ လေယာဥ်အဖြစ် ပြောင်းလဲမည်

အမေရိကန် သမ္မတစီးတဲ့ Air Force One (လေတပ်နံပါတ် ၁) လေယာဥ်ကို အသံထက်မြန်တဲ့ လေယာဥ်အဖြစ် ပြောင်းလဲမည်

အမေရိကန်သမ္မတ စီးနင်းတဲ့ Air Force One (လေတပ်နံပါတ် ၁) လေယာဉ်ကို အဆင့်မြင့်တင့်ဖို့ လုပ်ဆောင်နေပါတယ်။ ၂၀၂၅ လောက် အစောဆုံးထားပြီး အသံထက်မြန်တဲ့ လေယာဉ်ပုံစံ ပြောင်းလဲနိုင်အောင် စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတာပါ။

ကယ်လီဖိုးနီးယားအခြေစိုက် အိပ်ဇိုဆိုးနစ်ကုမ္ပဏီကနေ လတ်တလော တည်ဆောက်နေတဲ့ အသံထက်မြန်တဲ့ စူပါဆိုးနစ် ဂျက်အင်ဂျင်ကို Air Force သမ္မတရုံး လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့က မျက်စိကျနေပါတယ်။ အိပ်ဇိုဆိုးနစ်ကုမ္ပဏီ ကနေ ယခင်အပတ်က ကြေညာခဲ့တဲ့ အသံထက်မြန်တဲ့ လေယာဉ်စာချုပ်ဟာ Air Force One အတွက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သြဂုတ်လတုန်းကလည်း ထိပ်ဆုံးသတင်းမှာ နေရာယူခဲ့တဲ့ အတ္တလန်တာအခြေစိုက် ဟားမတ်စ် ကော်ပို‌ရေးရှင်းရဲ့ အယောက် ၂၀ စီး နယူးယောက်နဲ့ လန်ဒန်ကို မိနစ် ၉၀ အတွင်း ပြေးဆွဲနိုင်တဲ့ အသံထက်မြန် လေယာဉ်ကလည်း သမ္မတရုံးအဖွဲ့ဆီကပဲ ရင်းနှီးမြှုပ်နှံဖို့ လက်ခံရရှိထားပါတယ်။

အမေရိကန်လေတပ် နဲ့ ဟားမတ်ဟာ အတူပူးပေါင်းပြီး အသံထက် ၅ ဆမြန်နှုန်းရှိ လေယာဉ်အတွက် လက်တွဲလုပ်ဆောင်နေတာပါ။ မနှစ်က ကြေညာချက်တခုမှာ သမ္မတ ဒေါ်နယ်ထရမ့်က ဆယ်စုနှစ် ၅ စုအကြာ၊ အုပ်ချုပ်မှုပိုင်း ၁၁ ဆက်လောက်မှာ လက်ရှိ Air Force One နဲ့ မတူတဲ့ ပုံစံမျိုးကို ပြောင်းလဲသွားဖို့ အစီအစဉ် ရှိနေပါတယ်။

အိပ်ဇိုဆိုးနစ်ရဲ့ အယောက် ၇၀ စီး အသံထက် နှစ်ဆမြန်တဲ့ လေယာဉ် ဖြတ်သန်းသွားတဲ့အခါ မြေပြင်က အိမ်တွေမှာ တုန်ခါမှုလို အနှောင့်အယှက် မဖြစ်အောင် လုပ်ဆောင်ထားရပါမယ်။ “အနာဂတ်မှာ ခရီးသည်ပို့ဆောင်ရေးလေကြောင်းတွေမှာ အသံထက်မြန်တဲ့ စူပါဆိုးနစ် လေယာဉ်တွေ အသုံးတွင်ကျယ်လာနိုင်တယ်” လို့ အိပ်ဇိုဆိုးနစ်ရဲ့ စီအီးအိုက ပြောပြသွားပါတယ်။

အသံထက်မြန်တဲ့ အမြန်နှုန်းတွေက ဘယ်လိုမျိုးလဲ။ ဥပမာပြောရရင် Mach 1.8 ဟာ တနာရီကို မိုင်ပေါင်း ၁,၃၈၁ မှိုင် (၂,၂၂၂ ကီလိုမီတာ) နှုန်းရှိတာကြောင့် လက်ရှိအသုံးပြုနေတဲ့ လေယာဉ်တွေထက် ခရီးစဉ်ကြာချိန်ကို ထက်ဝက်လျော့ကျသွားစေနိုင်ပါတယ်။

အမေရိကန်လေတပ် နဲ့ အိပ်ဇိုဆိုးနစ် အတူ ပူးပေါင်းပြီး လုပ်ဆောင်မယ့် လေယာဉ်ဟာ လုံခြုံရေးအတွက် ဆက်သွယ်ရေး ကိရိယာတွေ လိုအပ်သလို စီးနင်းလိုက်ပါမယ့် အမေရိကန်သမ္မတနဲ့ ဧည့်သည်တွေဟာ လေယာဉ်ပေါ်မှာ အနားယူ၊ အလုပ်လုပ်နိုင်အောင် ပြင်ဆင်ပေးထားဖို့ လိုအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page