ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ သမိုင်းထဲက အထွေထွေ သပိတ်ကြီး
ဘယ်လိုအစိုးရမှတောင့်မခံနိုင်တဲ့အထွေထွေသပိတ်
ဗိုလ်ချုပ်အောင်ဆန်းခေတ်မှာတုန်းက အင်္ဂလိပ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းမပါဘဲ အစိုးရအဖွဲ့ ဖွဲ့လိုက်ကြတယ် ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူတစ်ရပ်လုံး အစိုးရဝန်ထမ်းတွေအားလုံးကို အထွေထွေသပိတ်မှောက်ဖို့ တောင်းဆိုလိုက်တယ် ပြည်သူတွေကလည်းတာဝန်ကျေပါတယ်
အစိုးရဝန်ထမ်းတွေ အကုန်နီးပါး သပိတ်မှောက်ကြပါတယ် မမှောက်တဲ့သူတွေလည်းရှိပါတယ် ဒီလိုနဲ့ အစိုးရ ယန္တရားရပ်သွားတော့ ဗိုလ်ချုပ်အောင်ဆန်းကို ခေါ်ပြီးအစိုးရနေရာပေးရပါတယ် နေမဝင်အင်ပါရာဖြစ်တဲ့ ဗြိတိန်တောင် လက်လျော့သွားရတယ်
သတိပြုစရာအချက်လေးက သပိတ်မှောက်တဲ့ဝန်ထမ်းတွေ လစာမရကြပါဘူး အဖြတ်ခံကြရပါတယ် ဒါပေမယ့် သပိတ်လှန်တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက သပိတ်မှောက်ဝန်ထမ်းတွေအကုန်လုံးကို လစာ အပြည့်ပြန်ပေးပါတယ်
မျက်နှာလိုမျက်နှာရ သပိတ်မမှောက်ဘဲ ရုံးတက်ခဲ့တဲ့သူတွေကိုတော့ တစ်ပြားမှမပေးခဲ့ပါဘူး သပိတ်မှောက်ဖို့ ဆုံးဖြတ်တဲ့ ဝန်ထမ်းဆိုတာ မိမိနစ်နာမယ်မှန်း သိလျှက်ကို နိုင်ငံရဲ့ ရေရှည်အကျိူးအတွက် မိမိဘဝရဲ့ အချိန်နဲ့အခြေအနေတခုကို ထည့်ဝင်တာပါ ၊ အခုလဲ အဲ့တုန်းကလို ဝန်းရံကြရင်၊ ဒီလို စိတ်ဆုံးဖြတ်နိုင်တဲ့ ဝန်ထမ်းတွေ များခဲ့ရင် ဘယ်အစိုးရ တောင့်ခံနိုင်မလဲဲ
ကျူးဘား စစ်အာဏာရှင်အစိုးရကို တော်လှန်တုန်းကလည်း ဖီဒယ်ကစ္စထရိုကို ဖမ်းထားထောင်ချထားပြီး စစ်အာဏာရှင်အစိုးရက ရွေးကောက်ပွဲလုပ်ပါတယ် ပြည်သူတွေအားလုံးက ရွေးကောက်ပွဲကိုလုံးဝမဲမထည့်ဘဲ ကစ္စထရိုကိုပြန်လွှတ်ပေးမှ မဲထည့်မယ်လို့ တင်းခံလိုက်တဲ့အခါ ဖီဒယ်ကစ္စထရိုကို မလွှတ်မဖြစ်ပြန်လွှတ်ရတာပါပဲ
ပြည်သူ့အားကို ဘယ်လိုလူခံနိုင်မလဲ စမ်းကြည့်ကြသေးတာပေါ့