အထက်အညာဒေသ မုံရွာမြို့ရှိ ရပ်ကွက်တခုတွင် မိချောင်းများ ထူးဆန်းစွာတွေ့ရှိ
အထက်အညာဒေသ မုံရွာမြို့ရှိ ရပ်ကွက်တခုတွင် မိချောင်းများ ထူးဆန်းစွာတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာမြို့၊ ကန်သာဦးရပ်ကွက်။ ရတနာလမ်း ရေမြောင်းတစ်ခုအတွင်း ယနေ့ နံနက်ပိုင်းက မိချောင်းတွေ့ရှိကြောင်း ဒေသခံများကပြောပါတယ်။
ကန်သာဦးရပ်ကွက် ရတနာလမ်း ရေမြောင်းတစ်ခုအတွင်း မိချောင်းတွေ့ရှိဟူ၍ ဒေသခံပြည်သူအများအပြား လာရောက်ကြည့်ရှု့နေခြင်းဖြစ်ပါတယ်။
“ဒီနေ့ နံနက် ၁၀နာရီအကျော်လောက်က မိချောင်းတွေ့တာပါ။ ခန္ဓာကိုယ်မမြင်ရဘူး။ ခေါင်းမြင်လိုက်ရတာ။ ၃ကောင်ပေါ်တာ၊ တစ်ကောင်က ကြီးတယ်။ နှစ်ကောင်က သေးတယ်ဗျ” ဟုမျက်မြင်တွေ့ရှိသူကိုရှိုင်း ကပြောပါတယ်။
ယခုလက်ရှိ မိချောင်းတွေ့ရှိနေရာတွင် မုံရွာခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့တို့က ပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။