ကိုဗစ်ကို တိုက်ထုတ်မယ့် အဂ္ဂမဟာဗျူဟာအသစ်နဲ့ လမ်းကြောင်းမှန်ပေါ် ရောက်လာတဲ့ မြန်မာပြည်

ကိုဗစ် နည်းဗျူဟာ အပြောင်းအလဲ နှင့် ဆရာဦးဇော်ဝေစိုး

ကိုဗစ်ကို ကိုင်တွယ်ဖို့ မဟာဗျူဟာ strategy နဲ့ အဂ္ဂမဟာဗျူဟာ grand strategy လိုမယ်လို့ ကျွန်တော်တခါ ရေးခဲ့ဘူးပါတယ်။ မဟာဗျူဟာကတော့ ကိုဗစ်ကို ထိမ်းချုပ်နိုင်ရေးဖြစ်ပြီး အဂ္ဂမဟာဗျူဟာကတော့ ကိုဗစ်ကို ရေရှည်ထိမ်းချုပ်ထားပြီး တိုင်းပြည်ရဲ့ ရေရှည် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးတည်ငြိမ်ပြီး နလံပြန်ထူမယ့် အစီအမံ ဖြစ်ပါလိမ့်မယ်။

ကိုဗစ် ပထမလှိုင်းမှာ လူနာနည်းလို့ ဘာမှ သိပ်ပြောစရာမရှိပေမယ့် ဒုတိယလှိုင်းမှာ ပထမလှိုင်းပုံစံအတိုင်း ကြမ်းကြမ်းကြာကြာ Q ပြီး ပိုးတွေ့လူကုန် ဆေးရုံတင်နေတာကို ကျွန်တော် အတော်သဘောမတူဖြစ်ပြီး Q policy နဲ့ ဆေးရုံတင် criteria ပြောင်းဖို့ စာတွေ အများကြီး ရေးခဲ့ပါတယ်။

ပထမ Q ကို ၂၈ ရက် ကနေ ၂၁ ရက်လျော့ပါတယ်။ အခု ရန်ကုန်တိုင်းကို ဆရာဦးဇော်ဝေစိုး ထိထိမိမိ ကိုင်မယ်ဆိုတဲ့အချိန်မှာလဲ ဆရာကြီးက containment ဆက်သွားမယ်ပြောပြီး ယာယီဆေးရုံတွေ၊ Q စင်တာတွေ ထပ်မံပြီး အများအပြားတိုးချဲ့မယ် ပြောတာကြောင့် ဒီလမ်းဟောင်းပဲ ထပ်တလဲလဲ လိုက်တော့မလားဆိုပြီး စိတ်ပူနေခဲ့ပါတယ်။

ဒါပေမယ့် ဆရာဇော်က ဆရာဝန်လောကအကြောင်း ကောင်းကောင်းသိသူပီပီ ဘယ်က ဆရာဝန်တွေကို ဆွဲထုတ်ရမယ်ဆိုတာကိုတော့ ကောင်းကောင်း ကျွမ်းကျင်ပြီး အင်အားစုစည်းခဲ့ပါတယ်။ containment ဆိုတဲ့ အပေါ်ကချပေးတဲ့ မဟာဗျူဟာကို ဆက်ကိုင်ထားပေမယ့် နည်းဗျူဟာ အပြောင်းအလဲနဲ့ မနိုင်ဝန်တွေကို လျော့ပစ်တာ ဒီနေ့ မြင်ရပါပြီ။ အထက်ကိုလဲ ဖြစ်နေတဲ့ အခြေအနေ အမှန်တွေ ပြောပြခဲ့တယ်လို့ ယုံကြည်ပါတယ်။

ချီးကျူးစရာကောင်းတာက ဆရာကြီး လက်ထဲ စီမံခန့်ခွဲမှု ရောက်ပြီးနောက်ပိုင်းမှာ အလွန်ထိရောက်တဲ့ အပြောင်းအလဲကို စတင်လုပ်ဆောင်ခဲ့တယ်။ အပြောင်းအလဲက အကောင်းဖက်ကို အမြန်ပြောင်းလဲခဲ့တာကိုတော့ ချီးကျူးရမှာပါပဲ။

အဲ့တာတွေကတော့ Q တွေကို FQ ၇ ရက်၊ HQ ၇ ရက်ဆိုပြီး ပြတ်ပြတ်သားသား ပြောင်းလဲတဲ့စာ ထွက်လာပါတယ်။ ဆရာဝန်တိုင်းက ကြိုဆိုကြမှာပါ။ မဖြစ်နိုင်တဲ့ မနိုင်ဝန်ကြီးကို ရဲရဲရင့်ရင့် လျော့ချခဲ့ပြီး လိုအပ်သူတွေအတွက် နေရာအများကြီးထွက်လာတော့မှာပါ။ မလိုအပ်ပဲ ကုန်နေရတဲ့ ပိုက်ဆံတွေ လူအင်အားတွေကို လိုအပ်တဲ့နေရာမှာ ထိထိရောက်ရောက် သုံနိုင်တော့မှာပါ။

နောက်တစ်ခုက ကျန်းမာရေးဝန်ထမ်းတွေ မလိုအပ်ဘဲ နင်းကန် Q နေခြင်းကို ရပ်တန့်လိုက်ပါတယ်။ level 2 PPE ဝတ်ထားတဲ့ အစိုးရဆေးရုံရော ပုဂ္ဂလိကဆေးရုံရော GP ရော အားလုံကို တပြေးညီ Q စရာမလိုဘူး။ swab negative ဆို အလုပ်ပြန်လုပ်ခွင့် ပြုလိုက်ခြင်းပါ။ တကယ့်အပြောင်းအလဲ အကြီးကြီးဖြစ်ပြီး ဒီဆုံဖြတ်ချက်ကြောင့် ဆရာဝန်တွေ လုပ်အားပျောက်ဆုံးမှု မဖြစ်တော့ပဲ Q ပေါ်လစီ မငြိမ်တာကြောင့် မဖွင့်တော့တဲ့ GP ဆေးခန်းတွေ ပြန်ဖွင့်ကာ လူနာတွေ အတွက် အများကြီး အကျိုးရှိစေမှာပါ။

ဒီ မပြတ်မသား အီလည်လည်ဖြစ်နေတဲ့ အချက်ကို မြန်မြန်ပြုပြင်ပြောင်းလဲတာနဲ့တင် အတော်အဆင်ပြေသွားမှာပါ။ ဆရာဇော်ဟာ အလုပ်ကိုအားသွန်ခွန်စိုက် အမြဲရှိပြီး အငယ်တွေကို အလွန်မောင်းတတ်ပြီး သင်ကြားလေ့ကျင့်ပေးမှု အလွန်ကောင်း သူပါ။ ဆရာအကြောင်း YGH ကဆရာဝန်တွေ အကုန်သိပါတယ်။ ကျွန်တော်တို့ ငယ်စဉ်ကလဲ ဆရာဇော်က အလွန်မောင်းပေါ့။ နံနက်ခင်း ၅/၆ audit မှာ အမြဲ ဆရာဇော်အသံ လွှမ်းမိုးတာပဲ။

မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းပြီလို့ ခံစားရပါတယ်။ နောက်ဆုံး lockdown အသစ်ရဲ့ ထိရောက်မှုကတော့ မြင်ရဖို့ စောင့်ရအုန်းမှာပါ။ ဆက်လက်ပြီး လက်တွေ့မြေပြင်အခြေအနေကို သိပြီး ရဲရဲရင့်ရင့် အပြောင်းအလဲတွေ ဆက်လုပ်ဖို့လဲ ဆန္ဒပြုပါတယ်။ ခေါင်းဆောင်မှုကောင်းရင် အောက်ခြေကလူ အားရှိပြီး တက်ကြွပါတယ်။

Dr Myo Thet Aun

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page