အဲကွန်းကို ပြင်ပအပူချိန်ထက် ဘယ်လောက်ပဲ လျှော့ပြီးထားရမယ်ဆိုတာ နားလည်ဖို့လိုပြီ
အဲယားကွန်းကို ပြင်ပအပူချိန်ထက် ဘယ်လောက်ပဲ လျှော့ပြီးထားရမယ်ဆိုတာ နားလည်ဖို့လိုပြီ။
ကျွန်တော်တို့ လူတွေတော်တော်များများ သိနေကြတာ အဲကွန်းဆိုရင် ၁၆/၁၈ ဒီကရီ စင်တီဂရိတ်ထိထားမှ ကောင်းတယ် အေးတယ်လို့ ထင်တတ်ကြတယ်။
ပြင်အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် လောက်ဖြစ်တဲ့အချိန်ဆို ၁၈ ဒီကရီအထိ မရောက်နိုင်တော့ဘူး။ အဲဒီ့တော့ အဲကွန်းယူနစ်မှာပါတဲ့ ကွန်ပရက်ဆာက မရပ်ရတော့ဘူး။ ကွန်ပရက်ဆာက မရပ်ပဲ အလုပ်လုပ်ရတော့ ကားအင်ဂျင်ကလည်း တလျောက်လုံး ပိုရုန်းရပါတယ်။ အဲ့လိုဖြစ်တဲ့အခါ အင်ဂျင်ခန်းမှာ အပူလွန်တာတွေ ဖြစ်ပြီး ဝါယာရှော့ခ်တွေ ဖြစ်ကုန်တာပါပဲ။
အဲ့လိုမဖြစ်ရအောင် ဘယ်အချိန်မှာဖြစ်ဖြစ် အဲကွန်းကို ၂၅-၂၈ ဒီဂရီလောက်ပဲ ထားသင့်တယ်။ အဲ့လောက်ဆို ကားထဲမှာ နေလို့ဖြစ်ပါတယ်။ ကွန်ပရက်ဆာလည်းသက်သာ အင်ဂျင်လည်း အပူမလွန်တော့ဘူး။
အလွန်အကျွံ ၁၆-၂၀ လောက်အထိထားတော့ ကားထဲမှာ အေးစက်နေပြီး အပြင်အပူချိန် ၄၀ ဒီဂရီလောက်ဖြစ်တဲ့အချိန်မှာ Heat stroke ဝင်ပြီး အသက်ဆုံးပါးရတာပါ။ အဲကွန်း အပူချိန်ကို ၂၅-၂၈ လောက်မှာပဲထားကြဖို့ မေတ္တာရပ်ခံတိုက်တွန်းပါတယ်။
ပူပြင်းတဲ့ နွေရာသီမှာ မြန်မာပြည်သူပြည်သားတွေက ရေခဲရေ အေးအေးလေး သောက်ချင်ကြတယ် အဲကွန်းကို 18 အထိချလို့ Fan ကို အဆုံးထိတင်ဖွင့်ကြတယ်.. သာမာန်အားဖြင့် မထိခိုက်ပေမယ့် အဲကွန်းခန်းထဲက နေပူကို ရုတ်တရက်ထွက်တဲ့အခါ နေပူထဲကအပြန် ရေခဲရေ သောက်လိုက်တဲ့အခါမှာ အရမ်းသွေးလည်ပတ်မှုမြန်နေတဲ့ ခန္ဓာကိုယ်ဟာ ရေခဲရေနဲ့ တွေ့လိုက်တဲ့အခါ ရုတ်တရက်အေးခဲပြီး နှလုံးသွေးရပ် ဦးနှောက်ကြောပြတ်ကြတာဘဲ..
ကျွန်တော်ကတော့ ရေခဲရေ မကြိုက်ပါ.. အခုလို နွေရာသီမှာ အေးခဲနေတဲ့ရေခဲရေ လုံးဝရှောင်ကြဉ်ပါတယ်..အဲကွန်း အလွန်အကျွံသုံးခြင်း ရှောင်ကျဉ်သင့်ပါတယ်..။