အချိုရည် မဟုတ်တဲ့ သဘာဝ ပရိုဘိုင်အိုတစ်ဖျော်ရည် ကီဖာ ပြုလုပ်နည်း

ကီဖာလုပ်ရတာမခက်ပါ။

ကီဖာလုပ်ရတာ မခက်ပါ။ အရမ်းလွယ်ပါတယ်။ ဘယ်လောက်ထိလွယ်သလဲဆိုရင် ဌက်ပျောသီး အခွံခွာစားရတာထက်လွယ်ပါတယ်။ ဖန်ပုလင်းတစ်ခုထဲ ကီဖာစေ့ (WKG) ထမင်း စားဇွန်း ၂ ဇွန်းစာထည့်၊ သကြား ထမင်းစား ဇွန်း ၂ ဇွန်းထည့်၊ ရေ ၅၀၀ မီလီလီတာထည့် အားလုံးထည့်ပြီးရင် သကြားတွေပျော်အောင် ဖြည်းဖြည်းချင်းမွှေပေးပြီး သကြားတွေပျော် ပြီးထင်ရင် ပုလင်းဝကို အဝတ်သန့်သန့်လေးနဲ့ သရေပင်းစည်းပိတ်ပြီး အခန်းအတွင်းအပူချိန် မှာ ၂၄ နာရီထားလိုက်။ ၂၄ နာရီပြည့်ရင် ကီဖာ ရည်လေးကို မြည်းကြည့် သကြားရေလိုမချိုရင် စစ်သောက်လို့ရပြီ။ အချိုဓာတ်တော့နည်းနည်း ရှိမယ်နော် သကြားရေလို ချိုရဲမနေရင်ရပြီ။ ကဲ… ဘယ်လောက်လွယ်လဲ။

သူများလုပ်ထားတဲ့ ကီဖာတွေကိုလိုက်ကြည့်ပြီး ကီဖာစေ့တွေသေးလို့၊ မကြီးလို့၊ မမြူးလို့၊ မကစားလို့၊ ကြေလို့ ဆိုပြီး ခက်နေကြတာ။ အဲဒါတွေ ကြညိ့စရာမလိုဘူး။ ၂၄ နာရီပြည့်လို့ သကြားရေလို မချိုရင် ရပြီ။

ကီဖာအရသာကို အတိအကျပြောလို့မရဘူး။ တစ်အိမ်နဲ့တစ်အိမ် တစ်နေရာနဲ့တစ်နေရာ ရေ အရသာ၊ သကြားအသုံးပြုပုံ၊ အပူချိန်အနိမ့်အ မြင့်လိုက်ပြီး အရသာကွဲတတ်တယ်။ သူအိမ်ကသောက်လာတဲ့ အရသာက ကိုယ်လုပ် တဲ့အရသာနဲ့မတူလို့ ကီဖာမဖြစ်ဘူးမထင်ပါနဲ့ သကြားရေလို ချိုရဲမနေပဲ၊ ထန်းရည်လိုလို၊ ရှာလကာရည်လိုလို၊ တစ်ခါတစ်လေ နည်းနည်းခါး ရင်လည်း ခါးမယ် (ခါးတာက စိမ်တဲ့အချိန်လွန်လို့၊ သုံးတဲ့ သကြား၊ ထန်းလျက်ကြောင့်ပါ။) အဲအရသာတွေအကုန်မှန်ပါတယ်။ မစိုးရိမ်ကြပါနဲ့။

ကီဖာစိမ်ရာမှာ အဓိကအရေးကြီးတာ သူများ လုပ်ထားတာတွေလိုက်မကြည့်နဲ့၊ ကိုယ်စိမ်ထားတဲ့ ကီဖာပုလင်းကိုလည်း တစိမိ့စိမ့်ထိုင်မကြည့်နဲ့၊ စိမ်ပြီးတာနဲ့ လွတ်တာထားလိုက် ကီဖာစေ့ (WKG) တွေမြူးမြူး၊ မမြူးမြူး၊ ကစားရင် ကစား၊ မကစားလည်းနေ၊ စိမ်ထားတဲ့ပုလင်းကို ၂၄ နာရီ မပြည့်မခြင်း လှည့်မကြည့်နဲ့။ ၂၄ နာရီပြည့်မှ အရသာမြည်းကြည့်ပြီး အပေါ်ကပြောခဲ့သလို သကြားရေလိုချိုရဲမနေရင် စစ်သောက် လို့ရပြီ။

Aung Zaw Htun

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page